အခန်း ( ၉.၂ )

2.9K 712 25
                                    

ကျွန်တော် နည်းနည်းထူးဆန်းသလို ခံစားရတယ်။ ကျွန်တော် မြေပြင်ပေါ်ထိုင်ချ ခေါင်းကိုကိုင်ပြီး ကျွန်တော် ဘာမသိတာလဲ စဥ်းစားနေလိုက်တာက အလုပ်သမားခေါင်းဆောင်က ညနေလူကျချိန် ရောက်တော့မှာမို့ စျေးဝယ်သူတွေကို ဆွဲဆောင်ဖို့ ဂိတ်ဝမှာ ရပ်နေပေးပါဆိုပြီး လာပြောသွားတဲ့ အထိပဲ။ အဲ့ဒါကြောင့် ကျွန်တော်လည်း မတ်တပ်ထရပ်ပြီး စဥ်းစားတာ ရပ်လိုက်တယ်။

မောလ်က စျေးအရမ်းရောင်းရတယ်။ စျေးဝယ်သူအရေအတွက်က ဆယ်နာရီနောက်ပိုင်း‌ရောက်မှသာ တဖြည်းဖြည်း နည်းသွားတယ်။ မောလ်ကို ဆယ့်တစ်နာရီမှာ ပိတ်လိုက်တယ်။ ယာယီဝန်ထမ်းတွေလည်း ပြန်ကုန်ကြတယ်။ ကျွန်တော်ကတော့ ရှားကျင်းကို ကူရှင်းလင်းပေးဖို့ နေခဲ့တယ်။ သူက အချိန်ပိုကြေး အမြဲပေးတယ်။
ဆယ့်နှစ်နာရီရောက်မှ ကျွန်တော်တို့ ဒီနေ့အတွက် အလုပ်ကို လက်စသတ်နိုင်တယ်။ မနက်ဖြန် မနက်ရှစ်နာရီ ကျွန်တော်တို့ အလုပ်ပြန်သွားရမှာ။
ကျွန်တော် ရှားကျင်းရဲ့ ပါးသထက်ပါးလာတဲ့ ဆံပင်ကို ကြည့်ပြီးတော့ အသံတိတ် ညည်းညူလိုက်တယ်။ ကျွန်တော်လည်း တနေ့နေ့တော့ အဲ့ပုံစံ ဖြစ်သွားနိုင်တယ်။

ကျွန်တော်တို့ ပင်ပန်းလွန်းလို့ အရင်တုန်းကအကြောင်းတွေကို စားမြှုံ့ပြန်ချင်စိတ်‌တောင် မရှိဘူး။ ကျွန်တော်တို့ သန့်စင်ခန်းကို သွားတယ်။ လက်ဆေးနေတုန်း ဘေးကပ်ရက် အမျိုးသမီးအိမ်သာကနေ ‌ရေကျသံ ကြားလိုက်ရတယ်။ အဲ့ဘက်မှာ တယောက်ယောက်ရှိပုံလည်း မရဘူး ဒါပေမယ့် တခုခု စိမ့်ကျနေတာမျိုး ဖြစ်မယ်။

HR မန်နေဂျာတယောက်အနေနဲ့ ရှားကျင်းက ဒီကိစ္စမှာ တာဝန်ရှိတယ်။ သူ စစ်ဆေးကြည့်ဖို့ အမျိူးသမီးအိမ်သာထဲကို ရဲရဲဝင့်ဝင့် ဝင်သွားတယ်။ ကျွန်တော် သူ့ကို တံခါးနားမှာ စောင့်နေလိုက်တယ်။

စက္ကန့်အနည်းငယ်လောက်ကြာတော့ ကျွန်တော်  ပြင်းပြင်းထန်ထန်လဲကျသံကြားပြိီး ရှားကျင်းရဲ့ အော်သံကိုပါ  ကြားလိုက်ရတယ်။

ဘာဖြစ်တာလဲသိရအောင် ကျွန်တော် အထဲဝင်ကြည့်မလို့ပဲ။ ဒါပေမယ့် ပြန်ရပ်လိုက်တယ်။ သူ အမျိုးသမီးတယောက်ယောက်နဲ့ သွားတိုးရင် ဘယ်လိုလုပ်မလဲ။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now