အခန်း ( ၂၁.၂ )

2.9K 675 66
                                    

Hola Im backkkk <3

ရှီးဖန့်တက္ကသိုလ်က သရဲခြောက်တယ်ဆိုတာကို ကျွန်တော် ဘယ်တုန်းကမှ မယုံခဲ့ဘူး။

ကျွန်တော် ရှီးဖန့်တက္ကသိုလ်ကို တခါရောက်ဖူးတယ်။ အမှန်တိုင်းပြောရရင် မိန်းကလေးအဆောင်ကို။ ညလယ်ခေါင်ကြီး ကျွန်တော် ပြတင်းပေါက်ကနေ ခိုးဝင်ခဲ့တာ။

အဖြစ်ကဒီလို။ ကျွန်တော့်အခန်းဖော် ဘွဲ့ကြိုကျောင်းသားမှာ ရှီးဖန့်တက္ကသိုလ် တက်နေတဲ့ ကောင်မလေးရှိတယ်။ နေ့တိုင်းလိုလို ညနက်တဲ့ထိ မအိပ်ဘဲ စောင်အောက်မှာ  Wechat ကနေ ရည်းစားနဲ့ စကားပြောလိုက် ရယ်လိုက်နဲ့။ ကျွန်တော်ကတော့ သရဲတကာထက် သူက ပိုကြောက်ဖို့ကောင်းတယ်လို့ ထင်တယ်။

တရက်တော့ ကျွန်တော့်အတန်းဖော်က သူ့ကောင်မလေးအဆောင်က သရဲခြောက်တယ်လို့ ပြောတယ်။ ညတိုင်းလိုလို တယောက်ယောက်က လျှောက်လမ်းမှာ ဘောလုံးပုတ်သံလိုမျိုး အသံကျယ်ကြီး လုပ်နေတယ်တဲ့။ အရမ်းခြောက်ခြားစရာကောင်းလို့ ကောင်မလေးတွေလည်း သွားမကြည့်ရဲဘူးတဲ့။ သူတို့ ညတိုင်းကြားနေရတဲ့ ထိတ်လန့်စရာအသံအကြောင်း တိုင်တန်းတာမျိုးပဲ လုပ်နိုင်ကြတယ်။ သူတို့အကုန်လုံး အိပ်ရေးပျက်လို့ ပုံလဲကျခါနီးအခြေအနေဖြစ်နေကြပြီ။ သူ့ကောင်မလေးဆို စိတ်ဓာတ်ကျတဲ့ လက္ခဏာတွေပါ ပြနေပြီ။

ကျွန်တော် သရဲခြောက်တယ်ဆိုတဲ့ အယူအဆကို လှောင်ရယ်မိတယ်။ သူတို့အိပ်ရေးပျက်အောင် လုပ်ဖို့ တယောက်ယောက်က သရဲဟန်ဆောင်နေတာ အသိသာကြီးကို။ လုပ်ရမှာက နည်းလမ်းတကျ ရင်ဆိုင်ပြီး ရပ်တန်းကရပ်သွား‌အောင် လုပ်ဖို့ပဲ။ ကျွန်တော်သာ သူတို့နေရာမှာဆို အမြန်ပြေးထွက်ပြီး အဲ့လူပြောင်ရဲ့မျက်နှာကို ဆွဲထိုးပစ်လိုက်တာ ကြာပြီ။

ကျွန်တော့်အခန်းဖော်ပြောပုံအရဆို ဒီကိစ္စမှာ ကျွန်တော်တို့ သရဲလား လူဟန်ဆောင်နေတာလား သိရအောင် ရှီးဖန့်တက္ကသိုလ်ရဲ့ မိန်းကလေးအဆောင်ကို မနက်ဖြန်ည သွားကြမယ်တဲ့။
သူသွားမယ်ဆိုတော့ ကျွန်တော်လည်း သွားရတာ‌ပေါ့။ ဘာပဲဖြစ်ဖြစ် ‌ကျွန်တော်က ဂေးဆိုတော့ မိန်းကလေးအဆောင်‌ရောက်လည်း တရားထိုင်သလိုမျိူး တည်တည်ငြိမ်ငြိမ်ရှိနေမှာပဲ။
ကောင်မလေးတွေက ကြောက်လွန်းအားကြီးလို့ဖြစ်မယ်။ ကျွန်တော့်ကို နှစ်ယောက်ကို ပေးဝင်ဖို့ တကယ် သဘောတူကြတယ်။ သူတို့အဆောင်က တတိယထပ်မှာ။ ကျွန်တော်တို့ တက်လို့ရအောင် လိုက်ကာတွေကို ကြိုးဖြစ်အောင် စုချည်ပေးတယ်။ အဲ့အချိန်တုန်းက ကျွန်တော်က စီနီယာကို လိုက်နေတုန်းဆိုတော့ ကျန်းမာရေးက အရမ်းကောင်းနေတာ။ အဲ့ဒါကြောင့် အပေါ်ကို မျက်စိတမှိတ်အတွင်းရောက်သွားတယ်။ ကျွန်တော့်အခန်း‌ဖော်က မတက်နိုင်တော့ နောက်ဆုံး ကျွန်တော်ပဲ ဆွဲတင်လိုက်ရတယ်။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now