အခန်း ( ၂၀ )

2.8K 680 56
                                    

နင်ထျန်းချဲ့ရဲ့ နှစ်သိမ့်မှုကြောင့် ကျွန်တော် အားပြန်တက်သွားတယ်။ ကျွန်တော်က ဝန်ထမ်းအသစ်ဆိုတော့ ဆရာလျို့ကို မေးစရာတွေတော့ အများကြီးရှိသေးတယ်။ ကျွန်တော့်စာပြတဲ့အရည်အချင်းက သူ့လောက်မကောင်းတာက ပုံမှန်ပါပဲ။ ပညာရေးပိုင်းမှာ အလုပ်ဝင်နေတဲ့ကျွန်တော်တို့အတွက် အရေးကြီးတာက ကျွန်‌တော်တို့ ဘာတွေရသွားလဲ ဆုံးရှုံးသွားလဲဆိုတာတွေမဟုတ်ဘဲ ဘဝလမ်းဆုံမှာ ရပ်နေတဲ့ကျောင်းသားတွေပဲ။ သူတို့မှန်ကန်တဲ့လမ်းကို ရွေးချယ်နိုင်နေသရွေ့ ကျွန်‌တော် ရင်ဆိုင်ရတဲ့အခက်အခဲတွေဆိုတာ ဘာများအရေးပါဦးမှာလဲ။

ကွှန်တော် ရှောင်နင့်ဆီကို စာပြန်ပို့ပြီးတိုင်း ကျွန်‌တော့်နှလုံးသားထဲမှာ မျှော်လင့်ချက်ရောင်ခြည်တွေ သန်းလာတယ်။

ကျွန်တော် စဥ်းစားပြီးတော့ ရေးလိုက်တယ်။
"အရမ်းနောက်ကျနေပြီ မင်း ခုထိမအိပ်သေးဘူး။ ညတိုင်း ‌နောက်ကျတဲ့အထိ နေတယ်ထင်တယ်။"

နင်ထျန်းချဲ့ : "ကျွန်တော် ညတိုင်း လနဲ့ ကြယ်တွေရဲ့ အဆီအနှစ်တွေကို စုပ်ယူတယ်။ အဲ့ဒါကြောင့် အိပ်ရာဝင်တာနောက်ကျတာ။ ဒီနောက်ပိုင်းကျ ကျွန်တော် ခင်ဗျားကိုလည်း စိတ်ပူနေတာ။"

ကျွန်တော် ခံစားချက်တွေ ပြည့်လျှံသွားတယ်။ စာပို့တဲ့အကွက်ထဲကို စဥ်စားမနေဘဲ ရိုက်ချလိုက်တယ်။

"ငါလည်း မင်းကို စိတ်ပူနေတာ။ ငါ မင်းကို သဘောကျတယ်။"

ကျွန်တော် ပို့မယ်ဆိုတဲ့နေရာလေးကိုမထိခင်လေး ရှောင်နင့်ဆီက နောက်ထပ်စာတစောင်ရောက်လာတယ်။

"ခင်ဗျားရဲ့ အခန်းဖော်တွေကို"

ကျွန်တော် တိတ်တိတ်ဆိတ်ဆိတ်ပဲ စာတွေကိုပြန်ဖျက်လိုက်တယ်။ ကျွန်တော့်ခံစားချက်တွေကို ထိန်းချုပ်ပြီး တည်ငြိမ်တဲ့ ပရော်ဖက်ရှင်နယ်မုဒ်ကို ပြောင်းလိုက်တယ်။

"ဟုတ်တယ်။ ရှောင်မင်ကို စိတ်ပူနေရတယ်။ ဆရာလျို သူ့ကိုနားချနိုင်ဖို့ မျှော်လင့်ရတာပဲ။ အရမ်းကိုလွန်နေတဲ့ ကျောင်းသားနောက်တယောက်လည်း ရှိသေးတယ်။"

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now