အခန်း ( ၂ )

4.4K 873 53
                                    

နွေရာသီဆိုပေမယ့် ကားထဲမှာ အေးစိမ့်နေတယ်။ တယောက်ယောက်က အနောက်ကနေ လေနဲ့ မှုတ်လိုက်သလိုမျိုး ကျွန်တော့်လည်ဂုတ် အေးခနဲ ဖြစ်သွားတယ်။

"ကားဆရာ လေအေးပေးစက်‌လေးပိတ်ပေးလို့ရမလား"

ကျွန်တော် စိတ်မသက်မသာနဲ့ မေးလိုက်တယ်။
ကားဆရာက နောက်လှည့်မကြည့်ဘဲ ကျွန်တော့်ကို အေးတိအေးစက်အသံနဲ့ လှမ်းပြောတယ်။

"ခရီးသည် ကျေးဇူးပြုပြီး ယဉ်ကျေးမှုရှိပါ။ သူများတွေကို အနှောင့်အယှက်မပေးပါနဲ့။"

ကျွန်တော် အတော်လေးဆွံ့အသွားတယ်။ ကားပေါ်မှာ ကျွန်တော် တယောက်တည်းရှိတာကို ပြီးတော့ ကျွန်တော်က ကားဆရာတယောက်တည်းကိုပဲ စကားပြောတဲ့ ဥစ္စာ။ ကျွန်တော်က သူ့ကို အနှောင့်အယှက်ပေးနေလို့လား။ လိင်ပိုင်းဆိုင်ရာကို အသာထားဦး ဒါ ကျွန်တော့်ကိုယ်ကျင့်တရားကို ထိပါးလိုက်တာပဲ။

ကျွန်တော် ကျန်းရှန်းကော်ကို အမျိုးသားနေ့မှာ မွေးခဲ့တယ်။အလံနီအောက်မှာ နေခဲ့ပြီး နွေဦးလေပြေတွေကြားမှာ ကြီးပြင်းခဲ့တယ်။ ကလေးဘ၀ကတည်းက ကျွန်တော်က ထူးချွန်တဲ့အစိုးရအမှုထမ်းကျောင်းသား၊ လူငယ်ကွန်မြူနစ်အဖွဲ့ရဲ့ ထူးချွန်တဲ့ အဖွဲ့၀င်တယောက်၊ အေသုံးလုံးရတဲ့ ကျောင်းသားတယောက်ဖြစ်ခဲ့တာ။ ခုမှ လူ့ပတ်၀န်းကျင်ကို ၀င်ရောက်လာတဲ့ လူတယောက်မို့ ကျွန်တော့်စွမ်းရည်ကို မေးခွန်းထုတ်လို့ရချင်ရမယ်။ ကျွန်တော့်ကိုယ်ကျင့်သိက္ခာကိုတော့ လုံး၀ မေးခွန်းထုတ်စရာမလိုဘူး။

ကိုယ့်ကိုယ်ကို ကာကွယ်ပြီးပြောလိုက်ချင်တယ်။ ဒါပေမယ့် ကားဆရာ ပြောပြီးတဲ့နောက် အ‌အေးဓာတ်က အတန်သင့်လျော့ကျသွားတယ်။ လေအေးပေးစက်ကို ကျွန်တော့်အတွက် ပိတ်‌ပေး
လိုက်တာဖြစ်ရမယ်။

ကျွန်တော်လည်း တခါတည်း စိတ်ပြန်ပျော့သွားတာပေါ့။ အရမ်းလည်း နောက်ကျနေပြီ။ ပြီးတော့ သူ့မှာ ကျွန်တော့်ကို ကျောင်းထိ တယောက်တည်း လာကြိုရတာ။ သူလည်း စိတ်ရှုပ်နေမှာပေါ့။ သူ့ဘက်ကနေကြည့်တော့လည်း ကျွန်တော်က အလုပ်အတွက် ညသန်းခေါင်ကြီး သရဲခြောက်တဲ့ နေရာကိုသွားနေတာ။အထူးသဖြင့် စိတ်အခြေအနေကလည်း မကောင်းဘူး။ ကားဆရာအနှိုးခံလိုက်ရတုန်းက သူအိမ်မှာ အိပ်ပျော်ရင်ပျော်နေမှာ။ သူ စိတ်တိုနေတာလည်း အပြစ်‌ဆိုစရာတော့မရှိဘူး။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now