အခန်း ( ၇.၂ )

3.1K 773 134
                                    

“ဖိနပ်တွေကလည်း အရမ်းလှတယ်။ ဒါပေမယ့် တတ်နိင်သ‌လောက်လေး အပေါ်ကို သွားကြရ‌အောင်။ ကျောင်းသားတွေ စောင့်နေကြပြီ။ ဒီနေ့အတန်းနောက်ကျတာ မကောင်းဘူး။ မင်း ဆယ့်သုံးထစ်‌ေမြာက်ကို တက်ရတာ ခက်ခဲမှန်း ငါသိပါတယ်။”

ကျွန်တော် တခြားအလုပ်ဖြစ်မယ့် အကြံတခုပေးလိုက်တယ်။

‌”ငါတို့ အောက်ပြန်ဆင်းပြီး ဒုတိယအထစ်ကနေ ရေကြည့်လိုက်ရင်ရော။ ဆယ့်နှစ်ထစ်ဖြစ်သွားမယ်မဟုတ်ဘူးလား။”

စွဲလမ်းလွန်စိတ်ကစဥ့်ကလျားရောဂါခံစားနေရသူအများစုက သူတို့ရဲ့ အတွေးတွေ မှားနေတာကို နားလည်ကြတယ်။ ဒါပေမယ့် သူတို့ စိတ်ကသိကအောက်ဖြစ်ကြတုန်းပဲ။ ဒီလိုအခြေအနေမျိုးမှာ သူတို့ကိုယ်သူတို့လက်ခံလာအောင် အကြောင်းပြချက်တခုပေးပြီး ကူညီလို့ ရနိုင်တယ်။

စက္ကန့်ပိုင်းလောက် တိတ်ဆိတ်နေပြီးသွားတော့ သူက မေးတယ်။

“ဆရာ ကျွန်မကို မကြောက်ဘူးလား။”

စိတ်ဝင်စားစရာပဲ။ ညနက်နက်၊ မိန်းမချောလေးတယောက်၊ ပြီးတော့ သန်စွမ်းတဲ့ လူငယ်တယောက်။ ကြောက်သင့်တဲ့ လူက တကယ်ပဲ ကျွန်တော်လား။

ရုတ်တရက်တွေးမိသွားတယ်။ ကောင်မလေးက တချိန်လုံး သူ့မျက်နှာကို ဆံပင်နဲ့ ကွယ်ထားတယ်။ ကျွန်တော် သူ့ကို ကြောက်သွားလိမ့်မယ်လို့ သူ့ကိုတွေးမိစေတဲ့ ချို့ယွင်းချက်များ သူ့မျက်နှာမှာ ရှိနေလို့လား။

အရမ်းကို ဖြစ်နိုင်ချေရှိတယ်။

“ငါ မကြောက်ပါဘူး။” ကျွန်တော် အတည်ပြောလိုက်တယ်။ “မင်းပုံစံ ဘယ်လိုရှိရှိ ငါမကြောက်ပါဘူး။”

"တကယ်လို့ ကျွန်မကဒီလိုဆိုရင်‌ရော။"

သူ့ခေါင်းကို ဗြုန်းစားကြီးမော့လိုက်တယ်။ ဘယ်ကလာမှန်းမသိတဲ့ လေက သူ့ဆံပင်ရှည်တွေကို တိုက်ခတ်သွားပြီး သွေးတွေနဲ့ မျက်နှာတခု ပေါ်လာတယ်။

သူ့ပါးစပ်ကို ဟ လျှာကို ထုတ်ပြီး ကျွန်တော့်လည်ပင်းပတ်ပတ်လည်ကို ပတ်လိုက်တယ်။
ကောင်းလိုက်တဲ့ သရုပ်ဆောင်ချက်။ ကျွန်တော့်ကို ကျောင်းအုပ်ကျန်းသာ ကြိုသတိမပေးထားရင် သူ့ကို သရဲဆိုပြီး ယုံသွားတော့မလို့ပဲ။ ကျွန်တော် လျှာကို ဆွဲယူပြီး သိချင်စိတ်နဲ့မေးလိုက်တယ်။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now