အခန်း ( ၉.၁ )

3K 666 14
                                    

ကျွန်တော် ဧည့်သည်တွေကိုဆွဲဆောင်ဖို့၊ ကြော်ငြာစာရွက် ကမ်းဖို့နဲ့ အ‌ရောင်းမြှင့်တင်တဲ့သူတွေကို ဆုထုတ်ပေးရင် ကူညီဖို့ တက်ဒီဝက်ဝံဝတ်စုံအလေးကြီးကို ဝတ်လိုက်တယ်။ ကျွန်တော် တနေ့လုံး အလုပ်ရှုပ်နေတယ်။

ညနေ ခြောက်နာရီ သို့ ခုနှစ်နာရီလောက်မှာ ရှော့ပင်းမော်လ်က ခေါ်ထားတဲ့ လူတွေ အလုပ်လုပ်တာ နားလိုက်ကြတယ်။ ကျွန်တော်လည်း နောက်ဆုံးတော့ အသက်ရှုချိန်ရသွားပြီး မြေပေါ်မှာ အနားယူဖို့ ထိုင်ချလိုက်တယ်။

အဲ့အချိန်ပဲ ကျွန်တော့်နားကို ကောင်ဆိုးလေးတချို့ ပြေးလာပြီး ဝိုင်းလိုက်ကြတယ်။ သူတို့က ကျွန်တော့်ခေါင်းကို ရိုက်နှက်ကြတယ်။ ဝက်ဝံရဲ့ အသားထူထူချုပ်ထားတဲ့ ခေါင်းက ခံနေလို့ မနာဘူး။ ဒါပေမယ့် အရမ်းကို စိတ်မသက်မသာခံစားရတယ်။ ကျွန်တော် အရမ်းပင်ပန်းနေပြီ။ က‌လေးတွေနဲ့ ကစားပေးဖို့လည်း စိတ်မပါဘူး။ အဲ့ဒါကြောင့် ကျွန်တော် အနားယူဖို့ တိတ်ဆိတ်တဲ့နေရာတခု ရှာရ‌အောင် မတ်တပ်ရပ်လိုက်တယ်။

ဒါပေမယ့် အဲ့အစား ကလေးတွေက ကျွန်တော့်နောက် ပြေးလိုက်လာပြီး ကျွန်တော့်တင်ပါးကို ဆောင့်ကန်ကြတယ်။ သူတို့မိဘတွေ ဘယ်ထွက်သွားလဲ ဘယ်သူသိလဲ။ သူတို့ ကလေးတွေကို ရပ်ခိုင်းဖို့ ‌ရောက်မလာကြဘူး။

ကျွန်တော် ဝတ်စုံကြီး ဝတ်ထားတော့ အမြန်မပြေးနိုင်ဘူး။ ကျွန်တော် ဝက်ဝံခေါင်း ချွတ်ပြိး ကလေးတွေကို သင်ခန်းစာပေးမလို့ ပြင်လိုက်တဲ့ အချိန် ကျွန်တော့်ဘေးကနေ ရင်းနှီးနေတဲ့ အသံတသံ ကြားလိုက်တယ်။

" မင်းတို့ အားလုံး ရပ်လိုက်။ ဝတ်စုံထဲမှာ လူတယောက်ရှိတယ်ကွ။ သူတို့တနေ့လုံးအလုပ်လုပ်ရလို့ ပင်ပန်းနေတာ။ သူတို့ကို အနိုင်မကျင့်နဲ့။"

ကျွန်တော် မော့ကြည့်လိုက်တော့ နင်ထျန်းချဲ့ကို တွေ့လိုက်တယ်။

ဒီနေ့ သူက သာမန်အဝတ်အစားပဲ ဝတ်ထားတယ်။ အဖြူရောင်တီရှပ်တထည်၊ အပြာရင့်‌ရောင်ဂျင်းဘောင်းဘီနဲ့ အဖြူရောင် အားကစားဖိနပ် ဝတ်ထားတယ်။ သူ့ ကြည့်ရတာ ငယ်ရွယ်ပြီး သပ်ရပ်နေတာပဲ။ ကျွန်တော် အကြိုက်ဆုံးပုံစံပဲ။ အရမ်းချောတယ်။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now