အခန်း ( ၂၅ )

2.6K 592 11
                                    

မန်နေဂျာလု နိုးလာရင် ကယောင်ခြောက်ခြားထပ်ဖြစ်မှာစိုးရိမ်လို့ ကျွန်တော် သူ့အိပ်ယာဘေးနားကို ခုံတလုံးယူလာပြီး ထိုင်နေလိုက်တာ နောက်တော့ အိပ်ပျော်သွားတယ်။

မနက်ကျ မန်နေဂျာလုရဲ့ ဖုန်းပြောသံကြောင့် ကျွန်တော် နိုးလာတယ်။

“ဟယ်လို မန်နေဂျာရှား ကျွန်တော်ပါ ရှောင်လု။ ခင်‌‌ဗျားပြောဖူးတယ်လေ အရင်တခေါက် ကျွန်တော်တို့ကုမ္ပဏီ သရဲခြောက်ခံရတုန်းက ခင်ဗျား နတ်ဆရာခေါ်ဖူးတယ်ဆိုတာ။ သူ့ဖုန်းနံပါတ် ပေးလို့ရမလား။ ကျွန်တော် မနေ့က သရဲခြောက်ခံရတယ်ထင်တာပဲ။ အိုး ကျွန်တော် လိုက်ရေးနေတယ်။ သူ့နာမည်က နင်ထျန်းရှီးပေါ့ ဟုတ်ပြီ ကျွန်တော် သူနဲ့ဆက်သွယ်လိုက်မယ်။”

ပထမတော့ ဆူဆူညံညံအသံတွေကြောင့် ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်နေသေးတယ်။ ကျွန်တော့်စိတ်တခုလုံး ဝေဝါးနေတာ။ နင်ထျန်းရှီးဆိုတဲ့စာလုံးကြားမှ ချက်ချင်း နိုးသွားတယ်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကုတင်ပေါ်ထိုင်ရင်း ဖုန်းကို တွေးတွေးဆဆနဲ့စိုက်ကြည့်နေတဲ့ မန်နေဂျာလုကို တွေ့တယ်။

“မန်နေဂျာလု ခင်‌ဗျား အဆင်ပြေရဲ့လား။”

ကျွန်တော် စိတ်ပူလို့မေးလိုက်တယ်။

“မနေ့ညက ဘာဖြစ်ခဲ့လဲ မှတ်မိရဲ့လား။”

“ဒါပေါ့ မှတ်မိတာပေါ့။ တီဗီထဲကနေ သရဲမတကောင်ထွက်လာပြီး လည်ပင်းကို ဆံပင်တွေနဲ့လာပတ်တာကို ဘယ်လိုလူက မေ့မှာလဲ။”

ဒီအကြောင်းပြောနေတဲ့အချိန် သူ့မျက်နှာတခုလုံး ဖွေးစုတ်သွားတယ်။

ကျွန်တော် အကူအညီမဲ့သလို ခံစားရတယ်။
ခင်‌ဗျား အလုပ်ပင်ပန်းလွန်းလို့ ထင်ယောင်ထင်မှားတွေ မြင်နေတာဆိုပြီး သူ့ကို ဒဲ့ကြီးပြောလို့ မကောင်းဘူး။ ပြီးတော့ သူက ကျွန်တော့်အထက်လူကြီး။ ရှားကျင်းလည်း မဟုတ်ဘူး။ သူ့ကို ပရိယာယ်သုံးပြီး ပြောမှဖြစ်မယ်။

“ မန်နေဂျာလု ခင်ဗျား များများအနားယူသင့်တယ်နော်။ ခဏခဏ ညနက်အောင် မနေနဲ့။  ကော်ဖီလည်း လျှော့သောက်ဦး။ မနေ့က ခင်ဗျား ဗိုက်အောင့်‌နေတာနော်။”

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now