အခန်း ( ၃.၂ )

3.8K 850 42
                                    

ကျွန်တော် လုပ်ပေးနိုင်တာလည်း ဘာမှမရှိဘူး။ ကျွန်တော့်ဖုန်းကို ထုတ်ပြီး 110 ကို ခေါ်လိုက်တယ်။ တကယ်လို့ Mr.Saw သာ အပြစ်ကင်းစင်တယ်ဆိုရင်  ရဲတွေက သူ့ကို သင့်တော်သလို ဆက်ဆံ‌ေပးပါလိမ့်မယ်။

အခန်း 404 မှာ ဆဲဖုန်းလိုင်းက မကောင်းဘူးဗျာ။ ကျွန်တော် ခေါ်မရပေမယ့် သုံးလေးကြိမ်လောက် ကြိုးစားကြည့်လိုက်သေးတယ်။ အပြင်ထွက်ပြီး လိုင်း ရှာချင်ပေမယ့် Mr.Saw ကို တယောက်တည်းထားခဲ့ဖို့က ကောင်းတဲ့အကြံတော့မဟုတ်ဘူးလေ။

သူ နောက်တကြိမ် စိတ်ရူးပေါက်ပြီး လွှစက်နဲ့ ထွက်ပြေးသွားရင် ဘယ့်နှယ့်လုပ်မလဲ။
ဖုန်းမြည်လာတဲ့အချိန်က ကျွန်တော်ကြံရာမရဖြစ်နေတာ။ နံပါတ် 94444 ဖြစ်နေတယ်။

အခု လိုင်းမိသွားပြီပဲ။

ကျွန်တော် ချက်ချင်း ဖုန်းကိုင်လိုက်ပြီး ပြောလိုက်တယ်။ 

"ဟယ်လို ကျွန်တော်ပြောနေတာ ကျောင်းအုပ်ကျန်းပါလားခင်ဗျာ"

"မှန် ပါတယ်....bzzt.... "

ကျောင်းအုပ်ကျန်းအသံက နှေးနေတုန်းပဲ။ ပြီးတော့ အရင်ကလိုပဲ လိုင်းကလည်းအပြည့်။

"ကျွန်တော် အစ်မကို ပြောချင်တာလေး ရှိလို့ပါ။ အခန်း 404 က ဧည့်ကြိုနဲ့ ပတ်သက်ပြီး ပြဿနာတခုရှိနေပါတယ်။  သူကသူ့ကိုယ်သူ ဦးလွှလို့ ခေါ်နေတယ်ဗျ။ သူ့နာမည်အရင်းကိုလည်း မပြောဘူး။ သူ့စိတ်ပိုင်းဆိုင်ရာအခြေအနေကို သတိထားမိတာမျိုးရှိရင် ကျွန်တော့်ကို ပြောပြလို့ရမလား။"

"ကျွန်မ....သိ......bzzt...."

"သူက ကျွန်တော့်ကို လွှစက်နဲ့တိုက်ခိုက်ဖို့ လုပ်ခဲ့တာ။ ကျွန်တော် သူ့ကိုရှောင်လိုက်နိုင်တယ်။ ဒီအပြုအမူမျိုးက အရမ်းအန္တရာယ်များတယ်ဗျ။ကျောင်းအာဏာပိုင်တွေ ၀င်ပါသင့်တယ်လို့ ကျွန်တော် ထင်တယ်။ သူက တိုက်ပေါ်ကခုန်ချပြီး သေကြောင်းကြံတဲ့အကြောင်းလည်း ပြောခဲ့သေးတယ်။ သူစကားတွေက ဟာကွက်တွေအပြည့်ပဲ။ သူကသေပြီးသားလို့လည်း ပြောသေးတယ်။ သူ့ရဲ့ စိတ်ကျန်းမာရေးက အရမ်းဆိုးရွားနေပြီလို့ ကျွန်တော်ထင်တာပဲ။ သူ ဆေးရုံကကုသမှုကို လိုအပ်‌နေတယ်။"

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now