အခန်း ( ၁၄ )

2.6K 652 26
                                    

ရှားကျင်း လျှပ်စစ်ဓာတ်အားခန်းထဲက ပြေးထွက်လာပြီး အားပါးတရပြုံးရင်း နင်ထျန်းချဲ့ကို ပြောတယ်။

“ထျန်းရှီး အခု သရဲပြဿနာကို ဖြေရှင်းပြီးသွားပြီ။ ဓာတ်လှေကားကို တစစီဖြုတ်စရာမလိုတော့ဘူး။ ဟုတ်တယ်မလား။”

ရှားကျင်းပုံက သူများရဲ့ ‌ဒေါက်ဖိနပ်နောက် ပြေးလိုက်နေတဲ့ ခွေးတကောင်လိုပဲ စိတ်တိုချင်စရာ။

“သူ့ကမ္ဘာတခုလုံး ပြိုလဲကျခါနီး ဖြစ်နေတဲ့ရုပ်နဲ့  ရှောင်နင်က ခေါင်းညိတ်ပြတယ်။

“ကောင်းပြီလေ။ ကျွန်တော့်ကို ဆရာနင့်အကောင့်နံပါတ်ပေးပါ။ စာရင်းကိုင်ကို ငွေလွှဲပေးဖို့ ကျွန်တော် ပြောလိုက်မယ်။”

“မလိုဘူး။” နင်ထျန်းချဲ့က ခေါင်းယမ်းပြပြီး  ကျွန်တော့်ကို ကြည့်တယ်။

“သရဲကို ရှင်းလိုက်တာ ကျွန်တော် မဟုတ်ဘူး။ မစ္စတာရှန် လုပ်လိုက်တာ။ သူက ဘာကြောင့်မှန်းမသိဘဲ မောင်ရှန်းဂိုဏ်းရဲ့ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့တဲ့ ချယ်ရီသားဓားကို ကိုင်လို့ရနေတယ်။ အံအားသင့်စရာကောင်းတာတော့ အမှန်ပဲ။ တကယ်လို့သာ....”

“မပြောနဲ့။” သူ ဘယ်စကားက ဘယ်ကိုဦးတည်နေတာလဲ ကျွန်တော် သဘောပေါက်လိုက်တာနဲ့  ချက်ချင်း ကြားဖြတ်ပြောလိုက်တယ်။ “ငါက အတွေးအခေါ်နဲ့ နိုင်ငံရေးပညာမှာ ဒီဂရီရထားတဲ့ တက္ကသိုလ်ဘွဲ့ရတယောက်။ ငါယုံကြည်တာ မာ့ဝါဒနဲ့ ကွန်မြူနစ်ဝါဒပဲ ရှိတယ်။ ‌မောင်ရှန်းဂိုဏ်းကို ဘယ်တော့မှ ဝင်မှာ မဟုတ်ဘူး။”

သူက မဲ့ပြုံးပြုံးလိုက်တယ်။ “အောင်မြင်ဖို့အခွင့်အ‌ရေးမရှိမှတော့ ကျွန်တော် မမေးတော့ပါဘူး။ခု ကျွန်တော်တို့ ဒီမှာပဲ လမ်းခွဲကြတာပေါ့။”

“စောင့်ဦး” ကျွန်တော် သူသွားတော့မှာကို မြင်တော့ မတ်တပ်ထရပ်ပြီး ကျွန်တော့်ဘောင်းဘီကို ဖုန်ခါတယ်။ ပြီးတော့ သူ့ရှေ့ကို ပြေးသွားလိုက်တယ်။

ဒီနင်ထျန်းချဲ့က အယူသီးမှုတွေ ပြည့်နေတယ်၊  စီနီယာအလယ်တန်း‌ကျောင်းမတက်ခဲ့ဘူး မုဟွိုက်ထုန်ကိုလည်း နှောင့်ယှက်ခဲ့တယ် အမှောင်ထဲမှာလည်း ကျွန်တော့်ကို လျှောက်ထိကိုင်ခဲ့တယ်ဆိုပေမယ့် သူက လူကောင်းဖြစ်နေတုန်းပါပဲ။ ကလေးတွေ ကျွန်တော့်ကို ရိုက်ဖို့ ဝိုင်းလာကြတုန်းကလည်း သူ ဝင်ပါပြီး ကူညီပေးခဲ့တယ်။ သူက ကျွန်တော်မှန်းတောင် မသိဘူး။ ကျွန်တော်က ဘယ်ဝန်ထမ်းမဆို ဖြစ်နိုင်ခဲ့တာပဲ။ ဒီအေးစက်တဲ့ ကန္တာရလို လူ့အဖွဲ့အစည်းထဲမှာ နင်ထျန်းချဲ့လိုလူက ရှားပါတယ်။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now