အခန်း ( ၁၂.၂ )

2.7K 653 16
                                    

" ရှောင်နင် ဘာရှောင်နင်လဲ။ ဆရာနင်လို့ခေါ်တယ်။"

ရှားကျင်းက ကျွန်တော့်ခေါင်းနောက်စေ့ကို ဖျတ်ခနဲ လှမ်းရိုက်တယ်။

"မြေပြင်ပေါ် တွားသွားပြီး ဈေး၀ယ်သူရဲ့ ပေါင်ကို မောလ်အလယ်တည့်တည့်မှာ လှမ်းဆွဲတာ အရှက်မရှိလိုက်တာ။"

ရှားကျင်းက အလုပ်လုပ်နေတာ နှစ်အတော်ကြာပြီဆိုတော့ သူ့ရဲ့ပြည်သူ့ဆက်ဆံရေးစွမ်းရည်ကလည်း အတော်လေးကောင်းတယ်။ ဓာတ်ပုံလှမ်းရိုက်ပြီး ဝိုင်းအုံစပ်စုနေတဲ့ ဈေးဝယ်တွေဘက်ကို ချက်ချင်းလှည့်ပြီး ပြောတယ်။

" ကျွန်တော် တောင်းပန်ပါတယ်ခင်ဗျ။ ဒီလူတွေက ပွဲအတွက် ကျွန်တော်တို့ဖိတ်ထားတဲ့ သရုပ်ဆောင်နှစ်ယောက်ပါ။ သူတို့က နတ်ဆရာက ၀က်ဝံမကောင်းဆိုးဝါးကို နှင်ထုတ်ခြင်းဆိုတဲ့ တင်ဆက်မှုလေးကို အစမ်းသရုပ်ဆောင်နေကြတာပါ။ သူတို့ လူရွေးပွဲအောင်သွားရင် နောက်ကျ ကျွန်တော်တို့ဆီမှာ ဒီအစီစဉ်လေးကို လာအားပေးနိုင်ပါတယ်။ ကျွန်တော်တို့ မကြာခင်ပိတ်တော့မှာပါ။ ၀ယ်ယူထားတာလေးတွေကို တတ်နိုင်သလောက် မြန်မြန်လေး ငွေချေပေးကြပါခင်ဗျာ။ ဆယ့်တစ်နာရီမှာ အရောင်းဌာနတွေ ပိတ်မှာပါ။"

ဝိုင်းအုံနေတဲ့လူအုပ်ကြီးလည်း ရှားကျင်းပြောတာကြားတော့ ဖုန်းတွေကို ပြန်သိမ်းပြီး အရောင်းဌာနတွေဆီ ပြန်သွားကြတယ်။ ဒီအစီအစဉ်က ဟာသမြောက်ပြီး ကောင်းတယ်လို့ လူတချို့ကလည်း ရှားကျင်းကို လာပြောကြတယ်။ သူတို့တကြိမ်လောက် ကြည့်ချင်နေကြတာ။

လူစုကွဲသွားတော့ ရှားကျင်းက ကျွန်တော်နဲ့ ရှောင်နင်ကို သူ့ရုံးခန်းဆီ ခေါ်သွားတယ်။
သူအခန်းထဲ ရောက်တာနဲ့ ရှောင်နင်ကို ဆိုဖာပေါ်ထိုင်ဖို့ ယဉ်ယဉ်ကျေးကျေးပြောပြီး လက်ဖက်ရည်တခွက်တိုက်တယ်။ ပြီးတော့ ကျွန်တော့်ကို လှမ်းကြည့်ပြီး ပြောတယ်။

"ငါ့ကိုမျက်နှာပျက်ရအောင်လုပ်တဲ့အကြောင်း ပြောပါဦး။ မကောင်းဆိုးဝါးနှင်ရ‌အောင် ဆရာတယောက်ကို အမြန်ရှာတွေ့ဖို့လိုရင်တောင် မင်းပုံစံကို သတိထားဦးမှပေ့ါ။"

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now