အခန်း ( ၁၁. ၂ )

2.7K 644 2
                                    

ဒီတိုင်း ဆက်နေလို့ မဖြစ်ဘူး။ အရမ်းကြောက်စရာကောင်းတယ်။ ရှားကျင်းက ဒီည စိတ်တက်ကြွလွန်နေတာ ဖြစ်မယ်။ ဒီဟာက PTSD တမျိုးလား။ ကျွန်တော် တက္ကသိုလ်မှာ အခြေခံစိတ်ပညာသင်ရတုန်းက ဆရာက ဒီလို စိတ်ဝေဒနာမျိုးအကြောင်း ပြောဖူးတယ်။ လူတွေက အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့အခါ ၊ ပြင်းပြင်းထန်ထန် ဒဏ်ရာရတဲ့အခါ၊ ဒါမှမဟုတ် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဂုဏ်သိက္ခာကို ခြိမ်းခြောက်ခံရတဲ့အခါ သူတို့က နှေးကွေးသွားပြီး စိတ်ပိုင်းဆိုင်ရာကစဥ့်ကလျားဖြစ်တာတွေ ဆက်တိုက်ကြုံရတယ်။ အချိန်အများစုမှာတော့ သူတို့က ပုံမှန်ပဲ၊ ဒါပေမယ့် အချို့စိတ်လှုံဆော်မှုတွေက သူတို့ကို ဒီလိုမျိုးပေါက်ကွဲထွက်သွားအောင် လုပ်လိမ့်မယ်။

ဓာတ်လှေကားထဲမှာတုန်းက ကျွန်တော်ရဲ့ တည်ငြိမ်တဲ့ အပြုအမူကို သူ အထင်ကြီးသွားတာ ဖြစ်နိုင်လား။

ဒီလို ဆက်သွားနေလို့တော့မရဘူး။ သူက ကျွန်တော်အဝတ်တေွပါ စပြီးဆွဲဖြဲနေပြီ။ ကျွန်တော်တို့  ညီအစ်ကိုတွေလို ဆက်နေဖို့ကရော ဘယ်လိုလဲ။

ကျွန်တော့် ရှိသမျှအားကုန်သုံးပြီး ရှားကျင်းကို နောက်ဆုံးတော့ မြေပေါ်လှဲချပြီး ဆိုရှယ်လစ်ညီနောင်လက်သီးတလုံး ကျွေးလိုက်တယ်။ ကျွန်တော် သူ့ကို ထိုးလိုက်တဲ့အခါ သူသတိလစ်လဲကျသွားတယ်။

ကျွန်တော် သူ့ကို အဲ့လောက်နာအောင်မထိုးလိုက်ပါဘူး။

သူ သတိလစ်နေတာကို မြင်တော့ ကျွန်တော် သူ့ကို အမြန်ဆွဲမပြီး ကျွန်တော့်ရဲ့ ကိုယ်ဝန်ဆောင်သည်ထိုင်ခုံမှာ တင်လိုက်တယ်။ သူ မလှုပ်ပဲ ခုံပေါ်ကနေ ဖုတ်ခနဲ ပြုတ်ကျလာတယ်။ ကျွန်တော် ကားဆရာကို အမြန်လှမ်းပြောလိုက်တယ်။

“အစ်ကိုကြီး ကျွန်တော်တို့ ဆေးရုံကို အရင်သွားလို့မရဘူးလား။ ကျွန်တော် သူ့ကို ထိုးတာ များသွားလား။”

ကားဆရာက နောက်လှည့်မလာဘူး။ သူ့ရှေ့ကလမ်းကို ကြည့်ပြီး ပြောတယ်။

“သူ ခု အဆင်ပြေပါတယ်။ ခဏနေ နိုးလာလိမ့်မယ်။”

ကားဆရာက ဆေးပညာသင်ခဲ့ဖူးတာ ဒါမှမဟုတ် တခုခုဖြစ်မယ်။  သူ ပြောပြီးသွားတာနဲ့ ရှားကျင်း  သူ့ခေါင်းကို ကိုင်ပြီး နိုးလာတယ်။ သူ ခပ်တိုးတိုးပြောတယ်။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now