အခန်း ( ၁၂.၁ )

2.8K 657 35
                                    

အခု ကျွန်တော် အရမ်းအိပ်ငိုက်နေပြီ။ ခြေ‌ထောက်တွေတောင် ယိုင်ကျနေပြီ။ မှတ်စုစာအုပ်ကို ယူပြီး ဆရာလျို့ကို ဝေဝေဝါးဝါးနှုတ်ဆက်ပြီးတော့ ကျွန်တော် အခန်းထဲ ဝင်ပြီး အိပ်ပျော်သွားတယ်။

ကျွန်တော့်အိပ်မက်ထဲမှာ လီယွမ်ယွမ်ကို မသဲမကွဲ တွေ့တယ်။ သူက ပန်းတွေပါတဲ့ ဂါဝန်လေးကို ဝတ်ထားတယ်။ ပြုံးပြီး ကျွန်တော့်ကို လက်လှမ်းပြတယ်။ ပြီးတော့ သူ ကောင်းကင်ထဲကို ပျံတက်သွားတယ်။

ကျွန်တော် နိုးလာတော့ အဲ့ဒါက အိပ်မက်ကောင်းပဲလို့ တွေးလိုက်တယ်။ ကျွန်တော် စိတ်ကောင်းဝင်နေတယ်။  လက်ကားစျေးကနေ ယွမ်နှစ်ဆယ်နဲ့ ဝယ်လာတဲ့ အပေါစား ရိုးရိုးတီရှပ်ကို  ဝတ်ပြီး ကျွန်တော်  အလုပ်ကိုသွားတယ်။

မနက်ပိုင်းမှာ ရှားကျင်းက ဓာတ်လှေကားထိန်းသိမ်းတဲ့ ဝန်ထမ်းဆီကို သွားခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ပိတ်မိနေတဲ့ အချိန်တုန်းက စီစီတီဗီလိုင်းမှာ ဘာမှ မတွေ့ရဘူး။ အပြာရောင်မျက်နှာပြင်ကြီးပဲ ရှိတယ်။ လိုင်းပြန်ရတဲ့အချိန် ကျွန်တော်တို့က ဓာတ်လှေကားကနေ ထွက်လာပြီးပြီ။ ပြီးတော့ ဝန်ထမ်းက  တချိန်လုံး ကြိုးကြိုးစားစား အလုပ်လုပ်နေပေမယ့် ကျွန်တော်တို့ အော်ခေါ်တာကိုလည်း တကယ်မကြားခဲ့ဘူး။

ရှားကျင်းက အချိန်အကြာကြီး စစ်ဆေးနေတယ်။ ရှော့ပင်းမောလ်က ကိုးနာရီမှာ ဖွင့်မှာ အဲ့ဒါကြောင့် သူ ဆက်ကြည့်ဖို့ အချိန်မရ‌ေတာ့ဘူး။ သူ့ရဲ့ အလုပ်ကို ပြန်ပြီး အာရုံစိုက်လိုက်တယ်။

ကျွန်တော် သူ့ကို ကြည့်ပြီး မနေ့ညက ဘာဖြစ်ခဲ့လဲ သူမမှတ်မိဘူးဆိုတာကို သိလိုက်တယ်။ ကျွန်တော် သူ့ကို သိတယ်။ သူ ဟန်ဆောင်နေတာလို့ ကျွန်တော် မထင်ဘူး။

ဒါက ကျွန်တော့်ကို စိတ်ပူတာရော စိတ်သက်သာရာရတာရော နှစ်မျိုးလုံး ဖြစ်စေတယ်။ သူက တကယ်ပဲ စိတ်ပိုင်းဆိုင်ရာမူမမှန်တာ ဖြစ်သွားတာလားလို့ စိတ်ပူတာ။ စိတ်သက်သာသွားတာက သူ အဲ့အကြောင်းကို မမှတ်မိတာကိုပဲ ။ အဲ့ဒါဆို ကျွန်တော်တို့ရဲ့ အနာဂတ်က ညီနောင်ဘဝကို သက်ရောက်မှုမရှိတော့ဘူးလေ။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now