အခန်း ( ၁၀.၁ )

2.8K 667 17
                                    

ပုံမှန်အတိုင်းဆို ဓာတ်လှေကား သွားနေသရွေ့ ဝန်ထမ်းတယောက်က အသင့်အနေအထားမှာ ရှိနေရမှာ။ ဒါပေမယ့် အင်တာကွန်က ပြန်ဖြေမယ့်သူမရှိဘဲ အကြာကြီးမြည်နေတယ်။

HR မန်နေဂျာတယောက်ဖြစ်တဲ့ ရှားကျင်း ‌ဒေါသထွက်လာတယ်။

“ငါ မနက်ဖြန် သူတို့လုပ်အားခတွေကို နုတ်ပစ်မယ်။ သူတို့ လစာအကုန်လုံးကို နုတ်ပစ်မယ်။”

“ဝန်ထမ်းတွေ တာဝန်ပျက်ကွက်တာနဲ့ မဆိုင်ဘူး။” ကျွန်တော် ကြားဖြတ်ပြောလိုက်တယ်။ 
“ဓာတ်လှေကားမှာ ပြဿနာတခုခုရှိနေတာဆို‌တော့ အင်တာကွန်လည်း ပျက်နေတာဖြစ်နိုင်တယ်။ မနက်ဖြန် မင်း စီစီတီဗီ စစ်ကြည့်ဖို့ လိုတယ်။ ဓာတ်လှေကားပြင်ဖို့ တယောက်ယောက်ရှာလိုက်။ ဘယ်သူ့မှာ တာဝန်ရှိလဲ အတည်ပြုပြီးမှ ဘယ်လိုဖြေရှင်းမလဲ ဆုံးဖြတ်။”

ဓာတ်လှေကားက မရပ်ပေမယ့် အတော်‌လေးချောချောမွေ့မွေ့သွားနေတာကြောင့် ကျွန်တော်နဲ့ ရှားကျင်းတို့ အထူးတလည် ကြောက်မနေဘဲ အကူအညီခေါ်ဖို့ ကျွန်တော်တို့ ဖုန်းတွေထုတ်လိုက်တယ်။

ဒါပေမယ့် ဓာတ်လှေကားထဲမှာ လိုင်းမကောင်းဘူး။ ကျွန်တော်တို့ ဖုန်းခေါ်လို့မရဘူး။
လီယွမ်ယွမ်က သူ့ဖုန်းယူမလာခဲ့ဘူးဖြစ်မယ်။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ သူ့ကြည့်ရတာ တည်ငြိမ်နေတယ်။

ရိုးရိုးသားသားပြောရရင် ကျွန်တော် ဒီလိုအခြေအနေမျိုးကို ကြောက်တယ်။ လူသတ်သမားနဲ့ ရင်ဆိုင်တွေ့ရင် အနည်းဆုံး သူ့ကို ပြန်ချနိုင်သေးတယ်။ ဒါပေမယ့် ဒီလို အ‌ရေးပေါ်အခြေအနေမျိုးနဲ့ကြုံရရင် ကျွန်တော်က သာမန်လူတယောက်ပဲကို။ ကွန်ကရစ်အထူကြီးတွေကို ကျွန်တော် ဘယ်လိုတောင့်ခံထားနိုင်မှာလဲ။

ဒါပေမယ့် ဒီမှာ လီယွမ်ယွမ်နဲ့ ရှားကျင်းအတူ ကျွန်တော် တုန်လှုပ်နေလို့ မဖြစ်ဘူး။ သေချာပေါက် သွေးပျက်နေလို့ မဖြစ်ဘူး။ ကြောက်စိတ်မွှန်တာက ဒီလိုအလုံပိတ်ပတ်ဝန်းကျင်မှာဆို ကူးစက်တတ်တယ်။ ဒီလို စိတ်ခံစားချက်တွေသာ ပြန့်သွားရင် အကူအညီရနိုင်မယ့်အခွင့်အရေးလည်း နည်းသွားလိမ့်မယ်။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now