အခန်း ( ၆.၁ )

3.3K 758 72
                                    

ဒီလို ကျောင်းမျိုးတည်ထောင်တာကို တွေးကြည့်လိုက်ရင်  ကျောင်းအုပ်ကျန်းက တကယ့်ကို နှလုံးလှတဲ့ လူမျိုးဖြစ်ရမယ်။ ဒီလိုကျောင်းသားတွေကို သာမန်လူတွေနဲ့ ဆက်သွယ်နိုင်ဖို့ စိတ်ရှည်ရှည်နဲ့ သင်ကြားပေးတဲ့ ဆရာလျိုကလည်း အရမ်းကို ကြင်နာတတ်မယ်ထင်တယ်။ အရင်က ကျွန်တော် သူ့ကို တကယ်ကို အထင်အမြင်မှားမိခဲ့တယ်။

သူတို့ရဲ့ ကိစ္စထဲ ဝင်မစွက်ဖက်ဖို့ သူ ကျွန်တော့်ကို သတိပေးတုန်းက ဒီလို စိတ်ထိခိုက်လွယ်တဲ့ လူတွေရဲ့ ရည်ရွယ်ချက်ကို ကျွန်တော် နားမလည်မှာ စိတ်ပူလို့ဖြစ်ရမယ်။

ကျွန်တော် တောင်းပန်တာရော ကျွန်တော့်စိတ်သ‌ဘောထားကိုရော ပြချင်တဲ့ စိတ်အပြည့်နဲ့
ဆရာလျို့လက်ကို ဆုပ်ကိုင်လိုက်တယ်။

ကျွန်တော် ပြောလိုက်တယ်။

"အရင်က ဆရာ့ကို နားလည်မှုလွဲခဲ့တယ်။ ဆရာလျိုက ကိုယ့်ကေျာင်းသားတွေကို ဂရုစိုက်တဲ့ ကိုယ်ကျင့်တရားကောငိးတဲ့ ဆရာတယောက်ပါ။ ကျွန်တော် ဥပမာယူသင့်တဲ့ လူပဲ။ ဒါက ကျွန်တော့်ရဲ့ ပထမဆုံးအလုပ်ပါ။ ဆရာလျိူလို လူမျိုးနဲ့ ကြုံရတာ ကျွန်တော် တကယ်ကံကောင်းတာပဲ။ "

လျိုစစ်ရွှင် တုန်တက်သွားပြီး ပြောတယ်။

" တကယ် တကယ်လို့ မင်းမှာ ပြောစရာရှိရင် ဒီတိုင်းပြောလိုက်ပါကွာ။ ငါ့ကို မထိပါနဲ့။"

ခုနက ကျွန်တော့်ရဲ့ လိင်စိတ်တိမ်းညွတ်မှုကို ကြေညာလိုက်လိုက်လို့ လန့်သွားတာပဲ ဖြစ်ရမယ်။ ဆရာလျိုက အသက်လေးဆယ်ဝန်းကျင်လို့ ထင်ရတယ်။ သူ့အတွက် ကျွန်တော့်လိင်စိတ်တိမ်းညွတ်မှုက တခြားလူတွေနဲ့ မတူတော့ လက်ခံဖို့ ခက်ခဲလိမ့်မယ်လို့ ကျွန်တော်လည်း ယူဆပါတယ်။ သူ အသားချင်းထိရမှာ ကြောက်လိမ့်မယ်ဆိုတာလည်း အရေးပါပါတယ်။

ဆရာလျို့ကို ကျွန်တော် လွှတ်လိုက်ပြီး သူ့ကို ဦးညွှတ်လိုက်တယ်။ ပြီးတော့ အသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်။

"အရင်က ရိုင်းပြခဲ့မှုအတွက် တောင်းပန်ပါတယ်။"

ကျွန်တော့်ရဲ့ ပြဇာတ်ဆန်တဲ့ လေယူလေသိမ်းကို ကြားတော့ ဆရာလျို နောက်တကြိမ် တုန်သွားတယ်။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now