အခန်း ( ၁၆.၁ )

2.5K 667 29
                                    

မုဟွိုက်ထုန်က လူကောင်းလေးဆိုတာ ကျွန်တော်သိထားတယ်။ သူ့ခံစားချက်တွေကို ဖော်ပြတဲ့နည်းက အတော်လေး အထိန်းအကွပ်မဲ့နေရင်တောင် စိတ်ရင်းလေးက ကောင်းရှာပါတယ်။
ထန်‌ေရှာင်းမင်က ပြောင်းလာချင်ပုံမရဘူး။ သူ့လိုနောက်ခံမျိုးရှိတဲ့ ကလေးတွေက လူစိမ်းတွေကို အရမ်းသတိထားကြတယ်။ သူငြင်းတယ်ဆိုတာလည်း ပုံမှန်ပါပဲ။

" သူ အချိန်အကြာကြီး စဥ်းစားပြီးတော့မှ ပြောတယ်။ ကျွန်တော် အဲ့ကို ပြောင်းလို့ရတယ်။ ဒါပေမယ့် ဒ်ီညတော့ ဆရာရှန် သေချာပေါက် ကျွန်တော်နဲ့ နေပေးရမယ်။ နောက်ညကျ ကျွန်တော့်ကို ဆရာ့အခန်းဖော်ဖြစ်စေချင်ရင် ကျွန်တော်.. ကျွန်တော်ပြောင်းလာမယ်။"

သူ့နောက်ဆုံးစကားလုံးတွေက ကြေကွဲရိပ်သန်းနေတယ်။  သူအရမ်းပြောင်းလာချင်နေပြီဖြစ်ရမယ်။ ဆယ်ကျော်သက်လေးတွေက သူတို့ရဲ့ခံစားချက်ကို ထုတ်ပြဖို့ နေရခက်နေလို့သာပါ။

" ကိစ္စမရှိဘူး။ အဆင်ပြေပြီနော်။ ငါ ဒီည မင်းနဲ့ အတူနေပေးမယ်။" ကျွန်တော် ကတိပေးလိုက်တယ်။

ဒီလိုနဲ့ နားချိန်ကုန်သွားတယ်။ မကြာခင် သင်ခန်းစာဒုတိယပိုင်းစတော့မယ်။ ကျွန်တော့် သင်ခန်းစာအစီအစဥ်အတိုင်းပဲ ကျွန်တော် ကျောင်းသားတွေကို မှန်ကန်တဲ့ လောကအမြင်က ဘာနဲ့ ဖွဲ့စည်းတည်ဆောက်ထားလဲဆိုတာကို ရှင်းပြတယ်။ နောက်အတန်းကျရင်တော့ လောကအမြင်တခုကို စနစ်တကျဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့အကြောင်း ပြောပြမယ်။

မကြာခင်ပဲ နှစ်နာရီထိုးသွားတယ်။ ကျောင်းသားတွေ အမြန်ထရပ်ပြီး ပြန်ကုန်ကြတယ်။ သူတို့အားလုံး ထန်ရှောင်းမင်နဲ့ ဆက်ဆံရေးကောင်းရှိကြတယ်။ သူတို့ထဲက အများစုက ထန်ရှောင်းမင်ကို ရင်းရင်းနှီးနှီး ပုခုံးပုတ်သွားကြတယ်။ သူ့အတွက် အရမ်းပျော်ပေးနေကြတာဖြစ်မယ်။ နောက်ဆုံးတော့လည်း  ထန်ရှောင်းမင် နေဖို့ နေရာတခု ရှာတွေ့သွားရှာပြီ။

မုဟွိုက်ထုန်နဲ့ ထျန်းပေါ်ဝမ်က ကျွန်တော်နဲ့ စကားပြောဖို့ နေခဲ့တယ်။ မုဟွိုက်ထုန်က ကျွန်တော့်လက်ကို ခုနကလို ကိုင်ပြီး ပြောတယ်။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now