အခန်း ( ၂၉ )

3.7K 632 101
                                    

အစက အတန်းမသွားဖို့ အစီအစဥ်မရှိတဲ့ ဆရာလျိုက ကျွန်တော် မှတ်စုစာအုပ်ကို သိမ်းလိုက်ပြီးတဲ့နောက် စိတ်ပြောင်းသွားပြီးတော့  စာမေးပွဲရလဒ် သိချင်တယ်လို့ ပြောတယ်။

သူ ကျွန်တော့်ကို ချိုချိုသာသာပြောတယ်။

" ငါ ကျောင်းသားတွေကို ဘယ်လိုစကားပြောရမလဲပဲ သင်ပေးခဲ့တာ။ ငါ သင်ပေးထားတာရဲ့ ရလဒ်ကို ဘယ်တုန်းကမှ မစစ်ဆေးခဲ့ဖူးဘူး။ မင်းရဲ့ စိတ်ကူးကောင်းတယ်။ ဒီမှာ မင်းအတွက် ဖောင်တိန်တွေ။ မင်း ကျောင်းသားတွေကို ပေးလို့ရတယ်။"

ဆရာလျိုက တကယ်တွေးတတ်တာပဲ။ ကျွန်တော် ကျောင်းသားတွေ ဘောပင်မရှိလောက်ဘူးဆိုတာကို မေ့တော့မလို့။ သူတို့မှာ ဘောပင်မရှိရင် စာမေးပွဲ ဘယ်လိုဖြေမှာလဲ။

ကျွန်တော် ဆရာလျိုကို အချင်းချင်းနားလည်တဲ့သဘောနဲ့ ပြုံးပြလိုက်ပြီးတော့ စာမေးပွဲမေးခွန်းတွေ ဘောပင်တွေနဲ့ ကျောင်းကားပေါ်တက်ခဲ့တယ်။

တလ‌လောက် အလုပ်လုပ်ပြီး နောက်ဆုံးမှာတော့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတခု တည်ဆောက်နိုင်ခဲ့ပြီ။ ဒါက ကျွန်တော့်ရဲ့ အလုပ်မှာ ခြေလှမ်းကြီးတခုပဲ။

တယောက်ပုခုံးပေါ် တယောက်လက်တင်ပြီး ကားပေါ်တက်လာတဲ့ ကျွန်တော်နဲ့ ဆရာလျို့ကို ကားဆရာမြင်တော့ သရဲကို မြင်လိုက်ရသလိုမျိုး မျက်နှာအမူအရာဖြစ်သွားတယ်။ ဖြစ်နိုင်တာက ဆရာလျိုက လူတွေနဲ့ ခန္ဓာကိုယ်ထိတွေ့တာမျိုး ရှားလို့ဖြစ်မယ်။

ကျွန်တော့်စိတ်အခြေအနေက အရမ်းကိုကောင်းနေတယ်။ ကားဆရာကိုမြင်တော့ တက်တက်ကြွကြွ နှုတ်ဆက်လိုက်တယ်။

" ကားဆရာ ကျွန်တော့်ကို လိုက်ပို့တာ အခေါက်ပေါင်းများစွာရှိနေပြီ ဒါပေမယ့် ကျွန်တော် ကားဆရာကို ဘယ်လိုခေါ်ရမလဲ မသိသေးဘူး။"

"ငါ့နာမည်က ချီတကျွမ်း။"

ကားဆရာက တိုတိုတုတ်တုတ်ပဲ ပြန်ဖြေတယ်။

" ချီသာကော။ ခုကစပြီး အဲ့လိုခေါ်ရင် အဆင်ပြေလား။"

" မင်းခေါ်ချင်သလိုခေါ်။"

ကားဆရာက ကားစက်နှိုးလိုက်တယ်။ သူ့ကြည့်ရတာ ကျွန်တော်နဲ့စကားပြောချင်ပုံမရဘူး။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now