အခန်း ( ၁၄.၂ )

2.6K 753 19
                                    

ဆောရီး။ ကျွန်တော် ချိန်းထားတာကို ဖျက်ရတော့မယ်။ ကျွန်တော် သုဿာန်ကို မသွားခင် မီးရထားဘူတာရုံသွားပြီး မနက်ဖြန် ကျွန်တော့်ဂိုဏ်းကို ပြန်ဖို့ လက်မှတ်ဝယ်ခဲ့ပြီးပြီ။ ခုဖြစ်ခဲ့တာတွေက ကျွန်တော့်ကို အမြုတေထိပါ ချောက်ချားစေတယ်။ ကျွန်တော် ခဏလောက် ပြန်သွားဖို့ လိုတယ်။

အိုး မင်းရဲ့ဂိုဏ်းကဘယ်မှာလဲ။ ရထားက ဘယ်လောက်ကြာလဲ။

ခုံမာပေါ်မှာ နာရီသုံးဆယ်ကေျာ်လောက်ထိုင်ရတယ်။ အသွားအပြန်ကို သုံးလေးရက်လောက်ကြာတယ်။ အဲ့ဒါအပြင် ကျွန်တော် တရားထိုင်ဖို့ လိုတာဆိုတော့ စုစုပေါင်း ခုနှစ်ရက်နဲ့ ဆယ်ငါးရက်အကြားဖြစ်လိမ့်မယ်။ အဲ့‌နောက်မှ တွေ့ကြရင် ဘယ်လိုလဲ။

နာရီသုံးဆယ်ကျော် ခုံမာပေါ်မှာ ထိုင်ရတယ်။ တွေးကြည့်တာနဲ့တင် ကျွန်‌တော့် နောက်ကျောနဲ့တင်ပါးတွေ နာလာတယ်။ ရှောင်နင်ရဲ့ အပနှင်တဲ့ အလုပ်က ငွေသိပ်မရဘူးထင်တယ်။ ကျွန်တော် သူ့စီးပွားရေးကို လုယူမိတာကို စဥ်းစားမိတော့ အပြစ်မကင်းသလိုခံစားရတယ်။

ထိုင်ခုံအမာနဲ့ လက်မှတ်တွေက လျှော့စျေးရှိလား။ ဒီလိုအချိန်ဆို လေယာဥ်လက်မှတ်တွေက ရထားလက်မှတ်တွေထက် တခါတ‌လေ စျေးပိုသက်သာတယ်။

မဟုတ်ဘူး။ ကျွန်တော် ပိုက်ဆံမပြတ်ဘူး။ ဒီကမ္ဘာလောကထဲမှာ ကျွန်တော့်စိတ်နဲ့ နှလုံးသားအတွက် ကျင့်ကြံဖို့ ခုံမာပေါ်မှာ စီးတာ။

ပိုက်ဆံမပြတ်ဘူးဆိုတဲ့ စာလုံးကို ဖတ်ပြီးတော့ ကျွန်တော် နည်းနည်းလေး မနာလိုဖြစ်သွားတယ်။ ကျွန်တော်က ပိုက်ဆံပြတ်နေဝာာ။ ကျွန်တော် ခုံအမာစီးတယ်ဆိုတာက နေထိုင်စရိတ်အတွက် ယွမ်တရာလောက် စုမိချင်လို့။

ဒါဆို ငါ မင်းကို မနှောင့်ယှက်တော့ဘူး။ မင်းပြန်လာမှ တွေ့ကြတာပေါ့။ မင်း ငါ့ကို လာတွေ့ဖို့ မမေ့နဲ့နော်။

စာပို့ပြီးသွားတော့ ကျွန်တော့်စာက အရမ်းများ တဲ့တိုးဆန်သွားလား ရုတ်တရက် တွေးမိလိုက်တယ်။ တကယ်လို့ ရှောင်နင်က ဂေးမဟုတ်ရင်‌ရော။ သူ ဓာတ်လှေကားထဲ ကျွန်တော့်ကို လာကိုင်တယ်ဆိုပေမယ့်လည်း.....။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now