အခန်း ( ၈ )

3.1K 746 11
                                    

ကောင်မလေးက ကျွန်တော့်အနောက်မှာ ပုန်းပြီး ကျွန်တော့်အင်္ကျီစကို တုန်တုန်ယင်ယင်နဲ့ အသာလေး ကိုင်ထားတယ်။ သူ  သိသိသာသာကို ကြောက်နေတာ။

လူငယ်ကလည်း အတော်အားသန်တယ်။ ဓားပဲ နာသွားတယ်။

” ဒီကနေ ထွက်ခဲ့။”

လူငယ်က ကျွန်တော်တို့ကို သူ့ဓားနဲ့  လက်ဟန်ပြပြီး ပြောတယ်။

“ရက်စက်ကြမ်းကြုတ်တဲ့ သရဲတွေ လှည့်စားတာကို မခံနဲ့။ လက်ရှိအသက်အရွယ်အတိုင်း ကိုယ်ထင်ပြနိုင်တဲ့ သရဲတွေက ရင်ဆိုင်ဖို့ မလွယ်ဘူး။ သူတို့တွေက အရမ်းကို ကြမ်းတမ်းတယ်။ သူတို့ ခင်ဗျားကို တမင်အန္တရာယ်မပေးရင်တောင် သူနဲ့ အချိန်အကြာကြီး ထိတွေ့နေရင် ခင်ဗျားရဲ့ ယန်စွမ်းအင်တွေ တဖြည်းဖြည်း လုံးပါးပါးသွားပြီး ကျန်းမာရေးက ဆိုးသထက် ဆိုးလာလိမ့်မယ်။”

“မင်း အထင်လွဲနေပြီ။”

ကျွန်တော် အနီရောင်ဝတ်စုံနဲ့ ကောင်မ‌လေးကို လူငယ် ခြောက်လှန့်တာ ထပ်မခံရအောင် ကာပြောပေးလိုက်တယ်။

"သူက ခုပဲ ငါနဲ့ ဟာသလုပ်နေကြတာ။ ဟုတ်တယ်မလား။”

ကျွန်တော် နောက်ဆုံးပြောလိုက်တဲ့ အပိုင်းကို ကောင်မလေးက ချက်ချင်း ပြန်ဖြေတယ်။

“ဟုတ်တယ်။ ကျွန်မက ဆရာအသစ်ကို စနေတာပါ။”

ကျွန်တော် ဒီအခွင့်အရေးကိူ အသုံးချပြီး ကောင်မလေးကို အမိန့်ပေးလိုက်တယ်။

“နောက်ကျ လူတွေကို လျှောက်မစနဲ့တော့နော်။ ဟာသဆိုရင်တောင် မလုပ်ရဘူး။ အကူအညီကို ငိုယိုပြီး လိမ်တောင်းတဲ့ ကောင်လေးဇာတ်လမ်းကို ကြားဖူးမှာပေါ့။ တကယ်လို့ မင်း လူတွေကို ခဏခဏလှည့်စားရင် နောက်ဆုံးကျ အမှန်တရားကို ဘယ်သူမှ ယုံတော့မှာ မဟုတ်ဘူး။”

“ကျွန်မ တောင်းပန်ပါတယ် ဆရာရှန်။ ကျွန်မ မှားသွားပါတယ်။”

ကောင်မ‌လေးရဲ့ အသံက နစ်ဝင်သထက် ဝင်သွားတယ်။ သူ သင်ခန်းစာရသွားပြီ။ ကျွန်‌တော် အရမ်းကျေနပ်သွားတယ်။

“ခင်ဗျား ကန်းနေတာလား။”

လူငယ်က အေးတိအေးစက်ပြောတယ်။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now