အခန်း ( ၁၅ )

2.5K 663 18
                                    

လရောင်အောက်မှာ မုဟွိုက်ထုန်ရဲ့ အပြုံးက သာမန်ထက်လွန်ကဲပြီး စူးရှထက်မြနေတယ်။ ကျွန်တော် သက်ပြင်းချလိုက်တယ်။ ဒီလို ချစ်စရာကောင်းတဲ့ကောင်မလေးက ခေါင်းမာတဲ့‌ ကျွန်တော့်လိုဂေးထက်‌တောင် အလှအပရေးရာမှာ ဘယ်လိုတောင် ဆိုးရွားတဲ့ အမြင်တွေ ရှိနေတာလဲ ။ ပေါင်ဒါက မျက်နှာကအပြစ်အနာအဆာတွေကို ဖုံးဖို့၊ နှုတ်ခမ်းနီက အ‌ရောင်နည်းနည်းထပ်ဖြည့်ဖို့လေ။  ဒါပေမယ့် သူ့မျက်နှာမှာ ပေါင်ဒါအများကြိီး ပုတ်ထားတာ သွေးမရှိတဲ့ပုံပေါ်စေပြီး သူ့နှုတ်ခမ်းတွေကလည်း ဝက်သွေးသောက်ထားသလိုပဲ။  ဘယ်နားမှ မလှဘူး
။ 
မုဟွိုက်ထုန်က ကျွန်တော့်လက်ကို ပုံမှန်အတိုင်း ကိုင်ပြိီး နူးနူးညံ့ညံ့လေးပြောတယ်။

“မိုးချုပ်သွားရင် လမ်းလျှောက်လို့ မကောင်းဘူး။ ဆရာရှန် သေချာမမြင်ရမှာကို စိုးရိမ်နေတာ။ ကျွန်မ ကူညီပေးမယ်။”

သူက ကျွန်တော့်ကို ခုနှစ်ဆယ် ရှစ်ဆယ် အဘိုးကြီးလို သဘောထားပြီး ပြောနေတာ။ မုဟွိုက်ထုန်က ကျွန်တော့်ခန္ဓာကိုယ်နားကို ကပ်လိုက်တယ်။ သူ့ရင်ဘတ်က ကျွန်တော့်လက်မောင်းတွေကို လာဖိတယ်။

“မုဟွိုက်ထုန် မင်း…..”  

ကျွန်တော် သူ့ကို ကြည့်ရင်း စကားပြောဖို့ တန့်နေတယ်။ သူက ကျွန်တော့်ကို မော့ကြည့်ပြီး မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်တယ်။ သူ့မျက်လုံးရွဲကြီးတွေက ဝိဉာဥ်ဖမ်းပစ္စည်းလိုပဲ။ သူ့ရင်ဘတ်က ကျွန်တော့်လက်မောင်းကို နောက်တကြိမ် လာဖိတယ်။

“မင်း ကောကျီဘယ်ရီဆီ များများသောက်သင့်တယ်။” ကျွန်တော် စိတ်ပူပြီးပြောလိုက်တယ်။ “နွေရာသီမှာတောင် မင်း အေးစက်နေတာပဲ။ မင်းရဲ့ သွေးတွင်းသံဓာတ် နည်းပြီး သွေးလည်ပတ်မှုလည်း မမှန်တာဖြစ်မယ်။ မင်းဒီလိုငယ်ရွယ်နေတာတောင် ဒါမျိုးပြဿနာတွေ ရှိနေရင် နောက်ကျ  ပိုဆိုးလိမ့်မယ်။ ခုအရေးအကြီးဆုံးက လေ့ကျင့်ခန်းများများလုပ်ဖို့ပဲ။ အတန်းချိန် ခဏနားရင် ငါပုံမှန်လုပ်နေကျ လေ့ကျင့်ခန်း ပြမယ်။ အဲ့ဒါက အရမ်းထိရောက်တယ်။”

ကျွန်တော် ပြောနေရင်းပဲ သူ့ရင်ဘတ်နားက ကျွန်တော့်လက်မောင်းကို နေရာရွှေ့လိုက်တယ်။  ကျွန်တော့်ဂျက်ကက်ကို ချွတ်ပြီး သူ့ပေါ် တင်ပေးလိုက်တယ်။ ဂျက်ကက်က ကျွန်တော့်ဆီက အနွေးဓာတ်ကြောင့် သူနည်းနည်းလေးတော့ နွေးသွားမှာပါ။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now