အခန်း ( ၈.၂ )

3.1K 692 34
                                    

“ငါ့နာမည်က ရှန်ကျန်းကော်။ နှစ်ဆယ့်ခြောက်နှစ်။ မင်းနာမည်ကရော။ အသက်ဘယ်လောက်ရှိပြီလဲ။”

ရိုးရိုးသားသားပြောရရင် သူ့ကို ကျွန်တော်တို့ကျောင်းက ကျောင်းသားတွေထဲက တယောက်လို့ စပြီး သံသယဝင်နေတယ်။

“နင်ထျန်းချဲ့ အသက်နှစ်ဆယ်။ မောင်ရှန်းဂိုဏ်းရဲ့ တရာရှစ်ဆယ့်ခုနှစ်ယောက်မြောက် မျိုးဆက်တပည့်ခေါင်းဆောင်။ ကျွန်တော်က ခင်ဗျားနဲ့ ဆိုးယုတ်တဲ့ ဝိဉာဥ်တွေ ဖမ်းစားတာခံရတဲ့ လူတွေအားလုံးကို ကယ်တင်ဖို့ စိတ်နစ်မြှုပ်ထားတာ။”

“ တိုက်ဆိုင်လိုက်တာ။ ငါကလည်း ကံကြွေးချအယူသီးမှုက အရူးလုပ်တာခံရတဲ့ မင်းလိုမျိုးလူငယ်လေးတွေကို သိပ္ပံနဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်ရောက်အောင် လမ်းညွှန်ဖို့ စိတ်နစ်မြှုပ်ထားတာပဲ။”

အဲ့ဒီအချိန် ကျွန်တော်တို့ ဘေးချင်းယှဥ်လျောက်ရင်းနဲ့ ပထမထပ်က ခန်းမကို ‌ရောက်လာတယ်။ ကျွန်‌တော့်စကားကို ကြားပြီးတော့ သူက ကျွန်တော့်ဘက်ကို လှည့်ပြီး တည့်တည့်ကြည့်တယ်။ ကျွန်တော်လည်း မတုန်လှုပ်ဘဲ သူ့ကို ပြန်ကြည့်ပေးလိုက်တယ်။

သူက ကျွန်‌တော့်ထက်ရှည်တယ်။  လေးဆယ့်ငါးဒီဂရီထောင့်ကျအောင် ကျွန်တော့်ခေါင်းကို အပေါ်မော့လိုက်ရတယ်။

“ဟ” သူက နောက်တကြိမ် သရော်ပြုံးပြုံလိုက်တယ်။

“ဘာမှမသိတဲ့ အမိုက်အမဲလေးတွေက အပြစ်ကင်းပါတယ်လေ။ ကျွန်တော် ခင်ဗျားကို ဒီတကြိမ် အလျော့ပေးလိုက်မယ်။”

ဒါပေမယ့် ငါကတော့ မင်းကို လွယ်လွယ်အလျော့မပေးနိုင်ဘူး။”

ကျွန်တော် သူ့ကို စိတ်ကောင်းထားပြီး ပြောလိုက်တယ်။

“ငါတို့ wechat မှာ အပြန်အလှန်အပ်ရင် ဘယ်လိုလဲ။ ပြီးရင် ‌နောက်ကျ ငါ နားလည်ထားတဲ့ ကံကြွေးချအယူသီးမှုကနေ လွတ်မြောက်တာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပို့ပေးမယ်။ တကယ်လို့  ငါလက်ခံလာအောင် မင်းလုပ်နိုင်တယ်လို့ ယုံကြည်ရင် မင်းလည်း ငါ့ကို မကောင်းဆိုးဝါးနဲ့ တစ္ဆေသရဲအကြောင်း ဗီဒီယိုတွေ ပို့လို့ရတယ်။”

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now