အခန်း ( ၂၁.၄ )

2.4K 640 39
                                    

“အင်း ဟုတ်တယ်။” ကျွန်တော် ပျော်ပြီး ဆရာလျို့ကို မျက်စိတဖက် မသိမသာမှိတ်ပြလိုက်တယ်။ ကျောင်းသူလေးက ပုံမှန်တောင် ပြန်ဖြစ်နေပြီ။ ခဏနေရင် သူ စကားကို မှန်မှန်ကန်ကန်ပြောနိုင်တော့မယ်။

ဆရာလျိုက သွမ်ယုံလျန်ဘေးမှာ ကပ်ထိုင်ပြီး ကသိကအောက်ဖြစ်နေတဲ့ပုံနဲ့ပြောတယ်။

“လက်ခံလိုက်‌။ အတန်းပြန်လာတက်ရင် ဒီရလဒ်ပဲရမယ်ဆိုတာ မင်းသိခဲ့သင့်တာ။

“ဒါပေမယ့်......ဘာလို့လဲ။” သွမ်ယုံလျန်ကမေးတယ်။

အကြောင်းတချို့ကြောင့် ဆရာလျို စငိုတော့တာပဲ။ သူ သွမ်ယုံလျန်အတွက် အရမ်းစိတ်မကောင်း ဖြစ်နေတာနေမယ်။ ဆရာလျို မျက်ရည်တွေကို သုတ်ပစ်ပြိိး ပြောတယ်။

“ငါကဘယ်လိုသိမှာတုန်း။”

သူတို့ဘာတွေ ပြောနေလဲ ကျွန်တော် နားမလည်ပါဘူး။ ကျွန်တော်နားမလည်နိုင်တဲ့ အရင်တုန်းက ကိစ္စတွေအကြောင်းဖြစ်မယ်။

ကံကောင်းစွာနဲ့ပဲ ဆရာလျို့အကူအညီနဲ့ သွမ်ယုံလျန်က တဖြည်းဖြည်း နူးညံ့လာပြီး ဒေါသကြီနေတာလည်း လျော့သွားတယ်။

ကျောင်းကားက ညသန်းခေါင်မှာ ရှီးဖန့်တက္ကသိုလ်ရှေ့ကို အချိန်အတိအကျရောက်သွားတယ်။ ကျွန်တော် ကားပေါ်ကဆင်းဆင်းချင်းပဲ အဝါရောင်ဝတ်ရုံဝတ်ထားတဲ့ နင်ထျန်းချဲ့ကို ထီးဆောင်းရင်း စောင့်နေတာမြင်လိုက်တယ်။ သူ့ပုံစံက အရမ်းချောတာပဲ။ မိုးသည်းညက သူ့ကို ထူးဆန်းတဲ့အလှတရားတခုကို ပေါင်းထည့်ပေးထားတယ်။

ကျွန်တော် နင်ထျန်းချဲ့ရဲ့ထီးအောက်ကို ပြေးသွားလိုက်ပေမယ့် အနားတော့မကပ်ရဲဘူး။ ခုနကတင် သွမ်ယုံလျန်နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ထားတော့ သူ့ဆီကရေတွေက ကျွန်တော့်တကိုယ်လုံးစိုရွှဲနေတာ။ ကျွန်တော့်မှာ သနားကမားရုပ်နဲ့။

ရှောင်နင်က ကျွန်တော့်ကိုယ်ပေါ်ကရေတွေကို ကြည့်ပြီး မျက်မှောင်ကြုံ့လိုက်တယ်။

“ ဘယ်က ရေတွေလဲ။ ခင်ဗျားကိုယ်မှာ အနွေးဓာတ်ကို မရှိသလောက်ပဲ။ ဒီပုံစံနဲ့ကျောင်းသားတွေကို ဘယ်လိုမျက်နှာချင်းဆိုင်မှာလဲ။”

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now