For...

33.4K 969 26
                                    

*ကျွီ*

Sun Private Uniထဲသို့ ထိုးစိုက်လာသည့် ပြိုင်ကား အနက်စွေးစွေး သုံးစီး။ ထိုကားသုံးစီး ရပ်သွားသည်နှင့် ဝိုင်းလာသည့် ကျောင်းသား လူအုပ်ကြီး။

*အားး..ရိပေါ်ကောက အရမ်းမိုက်တယ်ဟာ*

*ဒီပုံတွေ Instagramမှာ တင်ရမယ်*

ရိပေါ်။ တရုတ်နိုင်ငံ၏ အကြီးမားဆုံး စီးပွားရေး လုပ်ငန်းစု၏ တစ်ဦးတည်းသော သား။ အသက် ၂၂နှစ်နှင့် စီးပွားရေး နောက်ဆုံးနှစ်ကို တက်ရောက်နေသည့် ကျောင်းသားတစ်ဦး။

ချောမောသည့် ရုပ်ရည်က ခန့်ညားနေတာမျိုးထက် ချစ်စရာကောင်းသည့်ထဲ ပါလေသည်။ မျက်ဝန်းစူးစူးတွေက သူ သဘောမကျလျှင် မီးတွေထတောက်တော့မည့်အတိုင်း။ ချမ်းသာသည့် မိသားစုက ဆင်းသက်လာသည့် ကလေးမို့ ဆိုးသည်၊ပေသည်၊ အနိုင်ကျင့်သည်။

ချစ်စဖွယ် ရုပ်လေးနှင့် မလိုက်အောင်ကို ဝမ်ရိပေါ်တို့ အဖွဲ့က သောင်းကျန်းသည်။ ဒါကပင် ကျောင်းသားအားလုံး၏ အားကျခြင်းကို ခံရသလို၊ ကျောင်းသူအားလုံး၏ အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့လေသည်။

*ဝါး..ဒီဖိနပ်က မနေ့ကမှ ထွက်ထားတဲ့ Limited edition Nike Air Max 270မလား*

နက်စွေးနေသော ရှူးတစ်စုံ။ တန်ဖိုးကြီး sneakerမှန်း သိသာလှစွာ ဘေးဘက်တွင် brand တံဆိပ်လေးက ထင်ထင်ရှားရှား။ စတိုင်လ်ပန် အညိုဖျော့နှင့် တီရှပ်အဖြူအပွအပေါ် လက်ရှည်အညိုအနက်ကွက်လေး ထပ်ဝတ်ထားပြီး ကားပေါ်က ဆင်းလာသည့် ဝမ်ရိပေါ်က မျက်စိမလွှဲရက်လောက်အောင်ကို ချောလွန်းသည်။

မီးခိုးရောင် ဆံပင်အုပ်အုပ်လေးက လေတိုက်လိုက်သည်နှင့် ဖွားခနဲ။ စိုရဲရဲ နှုတ်ခမ်းလေးက ပီကေ‌ကို တစ်ဖျောက်ဖျောက် ဖောက်ကာ လက်နုနုဖွေးဖွေးလေးတွေက ဘောင်းဘီအိတ်ထဲ ထည့်ထားတာ စတိုင်လ်ကျကျ။

နားရဲရဲလေးတွင် လက်ခနဲဖြစ်သွားသည့် နားကပ်လေးတစ်ဖက်။

*ရိပေါ်ကော..အားးး*

ကောင်မလေးများ၏ အော်သံတွေက ဆူညံလာသည်။ ဓာတ်ပုံတွေရိုက်ကာ ဖုန်းလေးတွေကို လက်နဲ့ခပ်တင်းတင်း ဆုပ်ရင်း ရိပေါ်၏ ချောမောမှုကို မျက်ရည်တွေပင် ဝဲစွာ ငေးမောနေကြလေသည်။

For..Where stories live. Discover now