For...

12.5K 797 179
                                    

*ချွမ့်ဟွေးပါ*

*ရိပေါ်ပါ*

ချွမ့်ဟွေး အရင်စပြီး နှုတ်ဆက်လိုက်ကာ ပေါက်စီလုံးလေး၏ လက်ကို အသာဆွဲနှုတ်ဆက်လိုက်သည်။ သူတို့ ဗျူဟာပြောင်းထားသည်။ ပေါက်စီလေးကို ဝုန်းဒိုင်းကြဲလို့မရ၍ သူငယ်ချင်းအဖြစ် အရင်ရအောင် ပေါင်းသင်းကာ ထိုကနေမှတစ်ဆင့် အဆင့်တက်ရန် စဉ်းစားထားသည်။

*ဒါနဲ့ ရိပေါ်က ကျွန်တော့်ထက် ကြီးမယ်ထင်တယ်*

*၂၅နှစ်ပါ*

ပရောဂျက်လုပ်ဖို့ အခန်းလွတ်တစ်ခု စီစဉ်ပေးထား၍ ရိပေါ်နဲ့ချွမ့်ဟွေးက အခန်းတစ်ခုထဲမှာ အတူတူနေရသည်။ထိုအခန်းကပဲ ချွမ့်ဟွေးအတွတ် ကြီးမားသော အခွင့်အရေးပင်။

ချွမ့်ဟွေး မျက်နှာကို အတတ်နိုင်ဆုံး ပြုံးထားကာ ပေါက်စီလုံးလေးကို ချွဲရန် စဉ်းစားလိုက်၏။

*ကျွန်တော်က ၂၀ပဲ ရှိသေးတာဆိုတော့ ဘယ်လိုခေါ်ရမလဲ*

MacBookကို စားပွဲပေါ်တင်ကာ ခုံမှာထိုင်ရင်း ရိပေါ်က မော့ကြည့်လာ၍ ချွမ့်ဟွေးပြုံးပြလိုက်သည်။ သူပါ ရိပေါ်၏ ရှေ့ကခုံတွင် ဝင်ထိုင်လိုက်သည်။

*မင်း ကြိုက်သလိုခေါ်ပါ*

*ဒါဆို ကိုကိုလို့ ခေါ်လို့ရမလား*

ရိပေါ်က ဖြတ်ခနဲ ပြန်မော့ကြည့်လာ၍ ချွမ့်ဟွေး မျက်နှာငယ်လေး လုပ်ပြလိုက်သည်။ ပြီးမှ

*ကျွန်တော်က အကိုတွေ၊ အမတွေ အရမ်းလိုချင်တာလေ။ ရိပေါ်ကောကို အကိုတစ်ယောက်လို သဘောထားမှာမလို့ ကိုကိုလို့ ခေါ်ချင်တာ*

လေပူမှုတ်ထုတ်ကာ ရိပေါ် ခေါင်းညိမ့်လိုက်သည်။ ရှေ့က သူသည် မျက်နှာအမျိုးမျိုးနှင့် အသနားခံတတ်သည်။ ပြီးတော့ သူ ပြောတာတွေက ဆီလျော်နေ၍ ရိပေါ်ပြိုင်မငြင်းချင်တော့။ ဒီပရောဂျက်ပြီးရင် ထပ်တွေ့ရမယ့် သူတွေမှမဟုတ်တော့တာ။

အလုပ်လုပ်နေတုန်း အဆင်ပြေအောင်သာ သင့်သလို နေရန် ဆုံးဖြတ်လိုက်၏။

*အဲ့တာဆို အလုပ်စကြတော့မလား ကိုကို*

ရိပေါ် ရင်ထဲ သိမ့်ခနဲ။ ကိုကို လို့ခေါ်လိုက်သည့် ချွမ့်ဟွေးအသံက ရိပေါ်အတွတ် ညီလေးကောက်ရလိုက်သလို ခံစားလိုက်ရသည်။ ဒါပေမယ့် ပါးစပ်က ထုတ်မပြောဖြစ်။

For..Where stories live. Discover now