For...

7.7K 562 71
                                    

အဖြူရောင်တွေဖြင့်သာ ဖွေးဖွေးလှုပ်ပြီး လှပလွန်းသည့် ဟိုတယ်ဝန်းကြီးထဲသို့ တန်ဖိုးကြီးကားပေါင်းများစွာနှင့် ဂုဏ်သရေရှိလူကြီးတွေနှင့် နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်တို့ အသီးသီးဝင်လာကြ၏။ ဝင်လာသမျှ ကားတွေသည်ပင် အဖြူရောင်တွေ စွတ်နေသလို၊ နက်ပြောင်နေသည့် နောက်ဆုံးပေါ် ကားများသာ။ ပွဲလာတက်ကြသည့် အမျိုးသမီးများ၏ ခန္ဓာကိုယ်တွင် စိန်တွေ၊ ကျောက်တွေတဖျတ်ဖျတ်လက်နေကာ အလှဂုဏ်ရော၊ ပစ္စည်းဂုဏ်ပါ မသိမသာ ပြိုင်ဆိုင်နေကြ၏။

ဟိုတယ်ဝန်း၏ အရှေ့ပေါက်တွင် security guardsတွေသည် အသင့်အနေအထားနှင့် ရှိနေသလို ကြီးမားကာ လှပလွန်းသည့် အဖြူရောင်ကောင်လေးနှစ်ယောက်၏ ဓာတ်ပုံကြီးကိုလဲ ဟိုတယ်ဝန်းရှေ့တွင် ချထားခြင်းဖြစ်သည်။ ဟိုတယ်ဝန်းထဲသို့ ရောက်သည်နှင့် အဖြူရောင်ပန်းတွေဖြင့်သာ စီခြယ်ထားသော နံရံကြီးတွေက ထင်ထင်ရှားရှား။ ဘယ်ညာတစ်ဖက်တစ်ချက်တွင် အဖြူရောင် ပန်းခင်းကြီးရှိနေသလို ထိုအထဲတွင် အဖြူရောင်စွတ်နေသော ထိုင်ခုံပေါင်းများစွာအား အစီအရီချထား၏။

*လှရက်လိုက်တာဟယ်*

*အမလေး ငါ့တစ်သက် ဒီလို လက်ထပ်ပွဲ တက်ရလိမ့်မယ်လို့ မထင်ထားဘူး*

မဂ်လာစင်မြင့်တွင် အဖြူရောင်ပန်းတွေဖြင့် စီခြယ်ထားသလို ဇွန်ပန်း၊ နှင်းပန်းနှင့် နှင်းဆီဖြူ အစစ်တွေကို သုံးထား၍ အနံ့သင်းသင်းလေးတွေက စိတ်ကို ကြည်လင်စေ၏။

*သတို့သားနှစ်ယောက်ရောက်ရှိလာပါပြီ*

ကားအဖြူတွေ ဟိုတယ်ဝန်းထဲသို့ ဝင်လာသည်နှင့် လူအများအားလုံး၏ အကြည့်တွေသည် ထိုကားတွေဆီရောက်သွားသည်။ ကားအဖြူတွေကြည့် ငါးစီးပင်။ ကားတိုင်းတွင် အဖြူရောင်အပွင့်ကြီးသည့် ပန်းတွေကို ကားတိုင်းတွင် အလှဆင်ထားသလို ကားတစ်စီးစီမှ လူနှစ်ယောက်ဆီ ထွက်လာ၏။ သတို့သား၊ သတို့သမီးအရံတွေဖြစ်သည်။ သတို့သား၊ သတို့သမီးအရံတွေသည် နိုင်ငံကျော် မင်းသား၊ မင်းသမီးများ ဖြစ်ကာ ထိုလက်ထပ်ပွဲတွင် အရံလုပ်ချင်လွန်းကြ၍ requestလုပ်ထားကြသူများပင် ဖြစ်သည်။

For..Where stories live. Discover now