For...

8.4K 730 13
                                    

ကျောင်းလာသည့် ရှောင်းကျန့်ကို အားလုံးက လှည့်ကြည့်လှည့်ကြည့်ဖြင့်။ အခြားကြောင့် လှည့်ကြည့်တာတော့ မဟုတ်။ ခေါင်းပေါ်က ပတ်တီးဖြူဖြူလေးကြောင့်ပင်။

ရှောင်းကျန့်က ကျောင်းပြောင်းလာတာမကြာသေးပေမယ့် ဘယ်လောက်အနေအေးလဲဆိုတာ တစ်ကျောင်းလုံး အသိပဲလေ။ ကောင်မလေးတွေဆို ရှောင်းကျန့်၏ ဒဏ်ရာကိုမြင်ပြီး ဝမ်းနည်းသလိုလေး ကြည့်နေကြလေသည်။

*ဒဏ်ရာသက်သာလား ရှောင်းကျန့်‌ေကာ။ မနေ့က ကျောင်းမလာလို့ မေရီစိတ်ပူနေတာ*

အတန်းထဲ ရောက်သည်နှင့် ရှောင်းကျန့်အနား ရောက်လာသည့် မေရီပင်။ ရှောင်းကျန့် ပြုံးပြလိုက်ကာ

*သက်သာပါတယ်*

ရှောင်းကျန့် မေရီနှင့် လိုတာထက်ပိုပြီး မဆက်ဆံချင်။ သူ့အသက်လေး ဝမ်ရိပေါ်က မေရီနှင့်ပတ်သတ်ပြီး သူ့ကို အမြင်မှမကြည်ခဲ့တာ။

*ဒီမှာလေ မနေ့က ရှောင်းကျန့်‌ေကာဖို့ မေရီ အိမ်စာလုပ်ပေးထားတယ်*

ရှောင်းကျန့် ကျေးဇူးဟုပြောကာ မေရီ့လက်ထဲက စာအုပ်လေးကို ယူလိုက်သည်။ ထိုအခြေအနေကို အခန်း၏ အနောက်ပေါက်ကနေ ဝင်လာသည့် ရိပေါ် ကြားလိုက်ရ၍ လက်ထဲက စာအုပ်လေးကို တင်းနေအောင် ဆုပ်ကိုင်ထားပြီး လှည့်ထွက်ခဲ့သည်။

*ရိပေါ် အတန်းမတက်ဘူးလား*

*မင်းတို့ပဲ တက်လိုက်တော့*

Toiletက ထွက်လာသည့် Joeနဲ့Harryကို ရှောင်ကာ ကျောင်းဆောင်၏ ခေါင်မိုးထပ်ဆီ ရိပေါ် တက်ကာ နေနေမိသည်။ စိတ်ထဲမှာလဲ ဝမ်းနည်းသလိုလို၊ ဒေါသထွက်သလိုလိုနှင့်။

ထိုစိတ်ခံစားချက်သည် ရှောင်းကျန့်သည် မေရီ့ အနားမှာ ရှိနေပြီး မေရီ့၏အပြုံးတေ‌ွသည် ရှောင်းကျန့်ဖို့ ဖြစ်နေ၍လား၊ စာအုပ်ကိစ္စကြောင့်ပဲလားဆိုတာ ရိပေါ် မဝေခွဲတတ်။

လက်ထဲက စာအုပ်ကို ခပ်တင်းတင်းကိုင်ကာ ရိပေါ် ဖွင့်ကြည့်လိုက်သည်။ လက်ရေးဝိုင်းဝိုင်းလေးနှင့် ရိပေါ်၏ မှတ်စုစာအုပ်လေး။ ဒီမှတ်စုသည် ရှောင်းကျန့်ဖို့ ဆိုပြီး အရမ်းအိပ်ချင်နေတာတောင် တင်းခံပြီး အတန်းတက်ခဲ့၏။ အခုတော့ ဒီစာအုပ်သည် ဘာမှအသုံးမဝင်တော့။

For..Where stories live. Discover now