For...

8.1K 676 37
                                    

၄နှစ်ကြာပြီးနောက်>>>

*ဝမ်လေး..ကျဲကို ဒါလေး လုပ်ကူပါအုံး။ bossက ဒီနေ့ လာမှာတဲ့*

*ဟုတ်ကျဲ..ပေးလေ*

ရှန်းရှန်း လက်ထဲက ဖိုင်အချို့ကို ဝမ်လေးဆီ လှမ်းကမ်းလိုက်သည်။ ဝမ်လေးသည် သူမတို့ ဌာန၏ အချစ်ခံ ကလေးလေး ဖြစ်သည်။ အသက်ကလဲ အငယ်ဆုံး ဖြစ်သည့်အပြင် ဘာခိုင်းခိုင်း တက်တက်ကြွကြွနှင့်။

ရုပ်လေးကလဲ ချောသည်ဆိုတာထက် ဖွေးဖွေးလုံးလုံးလေးနှင့် ချစ်စရာလေးပင်။ သူမတို့ဆို ဝမ်လေး ဘာပဲလုပ်လုပ် ချစ်မဝ ဖြစ်ရသည်။

*ဝမ်လေး မနက်စာ စားခဲ့ပြီလား*

*စားခဲ့ပြီးပြီ ယန်ကော*

*အေးအေး..မင်းကျဲ အလုပ်တွေပဲ အမြဲ ကူလုပ်နေရတာနော်။ လစာရရင် မုန့်ကျွေးခိုင်း*

*အမလေး နင်မပြောလဲ ငါ့မောင်လေးကို ငါကဝယ်ကျွေးမှာ အကောင်ရဲ့*

*ဟေ့..ဟေ့ ခနနေ CEOလာမှာနော်။ စကားမများကြနဲ့။ အခုသူဋေးက အရမ်းစည်းကမ်းကြီးတယ်*

ဌာနမှူး လာပြောမှပင် ရှန်းရှန်းနှင့် ယန်မုန့်တို့၏ ရန်ဖြစ်ခန်းက အဆုံးသတ်လေသည်။ ဒါတောင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပွစိပွစိ လုပ်နေကြတုန်းပင်။

*ရိပေါ်..မနေ့က လုပ်ခိုင်းထားတဲ့ စာရင်းတွေ ပြီးပြီလား*

*ပြီးပြီကော..ဒီမှာပါ*

*အေးအေး*

ဌာနမှူး ထွက်သွားမှ ရိပေါ် ရှန်းရှန်းကျဲဖို့ စာရင်းပြန်လုပ်ကူရသည်။ ရိပေါ် ဘဝသည် အနိမ့်အမြင့် ဆန်လွန်းသည်။ ဒါပေမယ့် အရင်က လိုတရ ဘဝမျိုးထက် ဒီဘဝကို ရိပေါ် ပိုနှစ်သက်သည်။

ရိပေါ် စိတ်ထဲရှိသလို ပုံဖော်လို့ရသည်။ ဘာမဆို လုပ်ချင်သလို လုပ်ခွင့်ရှိသည်။ တားဆီးမည့် သူတွေလဲ မရှိတော့သလို၊ မဆိုးချင်ပဲ ဆိုးမနေရတော့။

*CEOလာပြီ*

ရိပေါ်တို့ ဌာနဆီဖုန်းဝင်လာ၍ ကိုင်လိုက်လိုက်ချင်း CEOလာပြီ ဆိုသောကြောင့် အားလုံး မတ်တပ်ရပ်လိုက်ကြသည်။ ရိပေါ်တို့ ယခုလက်ရှိ ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ ဒုတိယအကြီးမားဆုံး ကုမ္ပဏီတစ်ခုဖြစ်ကာ အလွှာပေါင်း ၅၀ထိရှိပြီး ဌာနပေါင်းကလဲ အများကြီးပင်။

For..Where stories live. Discover now