For...

10.8K 772 116
                                    

ခရီးထွက်လာတာ နှစ်ရက်မြောက်နေ့တွင် ဘယ်မှမသွားဖြစ်ကြတော့ပဲ ရှောင်းကျန့်ဝယ်ထားသည့် ခြံကျယ်ကြီးထဲမှာပင် သီးနှံတွေ ဝိုင်းစိုက်ချင်တယ်ဆို၍ ရှောင်းကျန့် ရွာထဲက သူ့ခြံစောင့်ဖို့ ငှားထားသူတွေကို မျိုးစေ့တွေဝယ်လာခိုင်းရ၏။

ဘော့စ်ဖို့ ဘာလက်ဆောင်မှ မတတ်နိုင်လို့ သူတို့လက်နှင့်စိုက်ပျိုးထားသည်များကို လက်ဆောင်ပေးချင်‌သည်တဲ့။ ရှောင်းကျန့်၏ ခြံက အတော့်ကို ကျယ်ဝန်းသည့်အထဲ ပါသည်။ မြေကွက်လပ်၏ ဘယ်ဘက်အခြမ်းတွင် ပန်းသီး၊ စပျစ်ခင်း၊ နဂါးမောက်ခင်း၊ စတော်ဘယ်ရီခင်းတွေ ရှိသလို ညာဘက်ခြမ်းတွင်က သစ်ပင်ကြီးတွေ စိုက်ထားခြင်းဖြစ်၏။

ငှက်ပျောပင်၊ အုန်းပင်အချို့နှင့် အခြား သီးနှံပင်ကြီးတွေကို စိုက်ထား၏။ ဘယ်လိုကြည့်ကြည့် ရှောင်းကျန့်၏ ခြံကျယ်ကြီးက နေချင်စရာပင်။ ရေနဲ့မီးကလဲ ပူစရာမလိုသလို စမ်းချောင်းလေးပါ ရှိနေတော့ နေချင်စဖွယ်အတိ။ ဆိုလာပြားကြီးတွေ တပ်ဆင်ထား၍ မီးတွေက ထိန်းထိန်းညီးညီးပင်။ အိမ်ပုံစံကတော့ ရိပေါ်နဲ့ နှစ်ယောက်တိုင်ပင်ပြီးမှ ဆောက်ရန်ပြင်ထားသည်။

*အဆိုးလေးရော စိုက်ချင်လား*

*ဟင့်အင်း..ငါက အဲ့တာတွေ ဝါသနာမပါဘူး*

*ဟုတ်ပါပြီ..ဒါဆို ကိုယ် မျိုးစေ့တွေ သွားပေးလိုက်အုံးမယ်။ ခနစောင့်*

ရွာသားတွေ လာပေးထားသည့် မျိုးစေ့ကို ရှောင်းကျန့် ကွမ့်ကျွင်းကို ပေးလိုက်ကာ အခြားသူတွေကို လိုက်ပေးခိုင်းလိုက်၏။ သူကတော့ ရိပေါ်လက်ကို ဆွဲကာ ခြံအနောက်ဘက် ဘယ်သူမှ မသိသေးသည့် ပန်းခြံလေးထဲ ခေါ်ဆောင်လာခဲ့သည်။ ထိုပန်းခြံလေးသည် တော်ရုံလူမမြင်ရအောင် ခြံအနောက်မှာ စိုက်ထားခြင်းဖြစ်သည်။

ထိုခြံထဲတွင် သစ်ခွ၊ နှင်းဆီ၊ စံပယ်တွေနှင့် အခြားတန်ဖိုးကြီးသည့် ပန်းအမျိုးအစားတွေလဲ ပါဝင်သည်။ ထိုနေရာတွင်ကတော့ ရှောင်းကျန့်ကြိုတင်ကာ ခုံတန်းလေး နှစ်ခုရိုက်ထားကာ အလယ်တွင် စားပွဲ‌ဖြူဖြူလေး ဆောက်လုပ်ထားသည်။ အမိုးအကာကိုတော့ သွပ်ပြာလွင်လွင်လေးတွေနှင့် မိုးထားသည်။

For..Where stories live. Discover now