For..

8.5K 726 35
                                    

*ရိပေါ် အဆင်ရော ပြေရဲ့လား။ ခနနေ အကို ကူပေးမယ်နော်*

*ရတယ် အကို ပြန်လိုက်ပါ။ ကျွန်တော် လုပ်နိုင်ပါတယ်*

အလုပ်က ပြန်ရောက်သည်နှင့် ညစာတောင် မစားရသေးပဲ ရိပေါ် အချိန်ပိုင်း ဝင်ရသည်။ ဝမ်အိမ်တော်ကို ပြန်ယူဖို့က လက်ထဲ ပိုက်ဆံ အနည်းငယ် လိုနေသေးသည်။

ဒီနေ့ အလုပ်ကပင်ပန်းနေ၍ ရိပေါ် မလှုပ်ချင်ပါဘူးဆို ဆိုင်မှာက အော်ဒါရှိသည်တဲ့။ညပိုင်းအော်ဒါ ဖြစ်သည့်အပြင် ရိပေါ် အချိန်ပိုင်းမို့ ပို၍ ပင်ပန်းရတော့မည်။

ဆိုင်ကို တစ်ဆိုင်လုံး အပြတ်ငှားပြီး ပွဲလုပ်မည်တဲ့။ ကာရာအိုကေ ဆိုလို့ရအောင်လဲ လုပ်ပေးထားရသလို အမျိုးအစားစုံသည့် နိုင်ငံခြားဖြစ် အရက်တွေ။ အကင်တွေလဲ မျိုးစုံပင်။

ည ဟယ်ရီ့တို့ဆီဖုန်းဆက်ဖို့က သိပ်ပင်မသေချာတော့။ ရိပေါ် ဖန်ခွက်တွေ သုတ်နေတုန်း ဆူညံနေသည့် စကားသံတွေကြောင့် ဧည့်သည်တွေ ရောက်လာပြီမှန်း သိလိုက်သည်။

*ကြိုဆိုပါတယ် ခင်ဗျ*

*ရိပေါ်..!*

*ဝမ်လေး*

ရှန်းရှန်းကျဲနှင့် ယန်ကောက ရိပေါ်ကို လာကိုင်ကာ မထင်မှတ်ထားသည့်ပုံ။ ရိပေါ်လဲ အံ့ဩသွားသည်။ ဌာနက လူတွေကလဲ ရိပေါ်ကို ကြည့်ကာ မျက်ခုံးအချို့ ပင့်ကုန်ကြသည်။

*ကဲ ကဲ ဝင်ထိုင်ကြလေ*

ဌာနမှူး ပြောလိုက်မှပင် အားလုံးက အသီးသီး ဝင်ထိုင်ကြလေသည်။ ရှန်းရှန်းကျဲနှင့် ယန်ကောကတော့ ရိပေါ် လက်ကို အသာဆွဲကာ

*လုပ်ကူရအုံးမလား မောင်လေး*

*ရတယ်ကျဲ သွားထိုင်ပါ*

ရိပေါ် အတင်းနှင်လွှတ်မှပင် ကျဲနှင့် ယန်ကောက နေရာမှာ သွားထိုင်ကြလေသည်။ ရိပေါ် ပုလင်းအချို့နှင့် အကင်အချို့ကို သွားချပေးလိုက်ကာ နေရာမှာ ခနမတ်တပ်ရပ်နေမိ၏။

*လာပြီး အတူသောက်လေ ရိပေါ်*

*မရလို့ပါ ဌာနမှူး။ ဒါက ကျွန်တော့်အချိန်ပိုင်းလေ။ အခြား စားပွဲထိုးတွေလဲ မရှိတော့လို့ပါ။*

For..Where stories live. Discover now