For..

9.7K 664 55
                                    

ရိပေါ် ဘမ်ပြန်ပြီး ခနအကြာမှ သူ့အိမ်ကနေ ပြန်ရန် ဆုံးဖြတ်လိုက်သည်။ ရိပေါ်ရှိနေတော့လဲ ရိပေါ်ကို ရှိသည်လို့တောင်မှ မထင်ပဲ။ စိတ်ဆိုးဆိုးနှင့် ရိပေါ် မနက်က ဝတ်လာခဲ့သည့် လက်ရှည်ကို ကောက်ဝတ်ကာ အိမ်ထိန်းကြီးနား သွားရပ်လိုက်သည်။ သူကတော့ စာကြည့်ခန်းထဲမှာ ထင်၏။ ဘမ်ပြန်ပြီးမှ သူလဲ အခန်းတစ်ခုထဲ ဝင်သွားခဲ့တာ။

*အန်ကယ်လ်*

*အေး လူလေး ပြောလေ*

ရိပေါ်ကို မှတ်မိနေသည့် အိမ်ထိန်းကြီးက ရိပေါ်ကို ရယ်ပြကာ မေးလာလေသည်။

*ကျွန်တော် ပြန်တော့မယ်အန်ကယ်လ်။ သူမေးလာရင် ကျွန်တော် ပြန်ပြီလို့ ပြောပေးပါအုံး*

*ဟေ..အခုမှတော့ ပြန်မနေပဲ ဒီမှာပဲ အိပ်သွားလေ လူလေးရဲ့။ အပြင်မှာ မှောင်နေပြီကွဲ့*

ရိ‌ပေါ်  နာရီကိုကြည့်မိတော့ ည၇နာရီ ထိုးနေလေပြီ။ သို့ပေမယ့် ရိပေါ်ကို စကားမပြောမဆို ဖြစ်နေသည့် သူ၏ အိမ်တွင်တော့ ရိပေါ်မနေနိုင်ပါ။ အိမ်ကြီးထဲမှာ လင်းထိန်နေ၍ စောနေသေးသည်ဟု ရိပေါ်ထင်မိခြင်း ဖြစ်သည်။

ဒီအချိန်ပြန်ရင်တော့ ကားတော့ မှီပါသေးသည်။

*ရတယ် အန်ကယ်လ်။ ကျွန်တော် သွားပြီနော်*

တားမရသည့်အဆုံး အိမ်ထိန်းကြီးမှာ လွှတ်လိုက်ရသည်။ ရိပေါ် သူ့အိမ်ကြီးကနေ ခြံဝရောက်ဖို့ အတော်လမ်းလျှောက်ရအုံးမည်။ ကားနဲ့ဝင်လာလျှင်တောင် ဆယ်မိနစ်လောက် စီးရသေးသည်။ ခြေလျင်ရောက်ရင်တော့ မိနစ်အနည်းငယ်တော့ ပိုလျှောက်ရမည်။ ပြီးလျှင် သူတို့ရပ်ကွက်ကနေ လမ်းဘက်ရောက်ဖို့လဲ နာရီဝက်လောက် လျှောက်ရအုံးမည်။

အပြင်ကို ရောက်လျှင်တော့ ၈နာရီတော့ထိုးလောက်ပြီ။ ရိပေါ် နှုတ်ခမ်းလေးမဲ့ကျသွားကာ လေးပင်စွာ လျှောက်နေမိ၏။

ရှောင်းကျန့် စာကြည့်ခန်းထဲသို့ ဝင်လာသည့် အိမ်ထိန်းကြီးကြောင့် ရှောင်းကျန့် မော့ကြည့်ကာ

*အိမ်ထိန်းကြီး ရိပေါ် အပြင်မှာလား*

အိမ်ထိန်းကြီးသည် ရှောင်းကျန့်ကို ကြည့်ကာ

For..Where stories live. Discover now