For...

7.6K 629 23
                                    

ကျောင်းလာသည်နှင့် ရှောင်းကျန့်ရှာမိတာက လူဆိုးကောင်လေးကို။ ကားရပ်သည့်နေရာမှာ ပြိုင်ကား အနက်လေးကို တွေ့ခဲ့၍ အဆိုးလေး ရောက်နေပြီဆိုတာ သေချာသည်။

*ရှောင်းကျန့်ကော..*

အနောက်ကနေ လှမ်းခေါ်သည့် အသံကြောင့် လှည့်ကြည့်မိတော့ မေရီပင်။ ရှောင်းကျန့်ကို ရယ်ပြရင်း လက်ကာပြနေလေသည်။ ရှောင်းကျန့် လက်ကာပြလိုက်ရင်း ရပ်ကာ သူမကို စောင့်ပေးလိုက်၏။

*ဒီနေ့ ကျောင်းကို အစောကြီး ရောက်လို့ပါလား*

*ဟုတ်တယ်..စာကြည့်တိုက်ဘက် ခနသွားမလို့လေ။ အဲ့တာ ကျောင်းအစော လာလိုက်တာ*

*အော်..*

မေရီက ဘေးကနေ ကပ်လျှောက်ကာ စာတွေအကြောင်းဆွေးနွေးသည်။ မေရီသည် ယောကျာ်းလေး တော်တော်များများ၏ စိတ်ဝင်စားမှုကို သိမ်းပိုက်နိုင်သည့် မိန်းမလှလေးဖြစ်သည်။

သို့ပေမယ့် ထိုအထဲတွင်တော့ ရှောင်းကျန့်မပါ။

*ရှောင်းကျန့်ကော စာကြည့်တိုက်သွားမှာဆို သွားလေ။ မေရီတို့ ဒီမှာပဲ လမ်းခွဲလိုက်ကြတာပေါ့*။

*ဒါဆို သွားပြီနော်*

ရှောင်းကျန့် မေရီ့နားက အစောကြီးထဲက ထွက်သွားချင်နေတာ။ အဆိုးလေးက သူနဲ့မေရီ့ကို မြင်လျှင် တစ်မျိုး ထင်မည်စိုး၍။

*အဆိုးလေး..!*

ရှောင်းကျန့် စာကြည့်တိုက်သွားသည့်လမ်းတွင် ကျောင်းဆောင်ဟောင်းရှိသည့်အတွတ် ဘာရယ်မဟုတ် အထဲကို လှမ်းကြည့်မိတော့ အဆိုးလေးနဲ့ ဆင်တူသည့် ကောင်လေးတစ်ယောက်။

အဆိုးလေးလား မသေချာပေမယ့် ပုံစံလေးက တစ်ပုံစံထဲပင်။ ကျောဘက်ကနေ ကြည့်ရတာမို့ မသေချာ၍ ရှောင်းကျန့် ထိုအဆောင်ဟောင်းဆီ ဦးတည်လိုက်၏။

ထိုအဆောင်းဟောင်းတွင် ကျောင်းသားတွေအချင်းချင်း ဗိုလ်ကျသည့်နေရာ၊ မဟုတ်တာမှန်သမျှ လုပ်သည့်နေရာပင် ဖြစ်သည်။ ထိုနေရာကိုလဲ ဝမ်ရိပေါ်တို့ သူငယ်ချင်းတွေက စိုးမိုးထားတာပင်။

*ရိပေါ်..မင်းလူကြီး*

ဆေးလိပ်သောက်နေသည့် ရိပေါ်သည် ဘာရယ်မဟုတ် ဟယ်ရီ့ဆီက စကားကြောင့် အနောက်ကို လှည့်ကြည့်လိုက်တော့ အခန်းပေါက်ဝတွင် ပြုံးလျက် မတ်တပ်ရပ်နေသည့် ရှောင်းကျန့်။

For..Where stories live. Discover now