For...

9.9K 797 163
                                    

ရိပေါ် ညပိုင်းကိုအလုပ်က ခွင့်ယူကာ နားနေရသည်။ အလုပ်မှာ ငိုခဲ့၍ ခေါင်းတွေအုံထူပြီး ကိုက်နေသလို နေရတာ ဘယ်လိုမှ အဆင်မပြေ။ တစ်ကိုယ်လုံး ပူလောင်နေသလို ခံစားရပြီး ချမ်းနေ၏။

တစ်ကိုယ်တည်းသမားမို့ ပြုစုမယ့်သူ၊ အားပေးမယ့်သူ မရှိ။ ဟယ်ရီတို့ဆီ ဖုန်းဆက်လို့ရပေမယ့် သူတို့ကိုလဲ ဒုက္ခမပေးချင်။

ရိပေါ် စောင်ပုံထဲခွေဝင်ကာသာ နေနေရသည်။

*တီ..တီ..*

စားပွဲပေါ်တင်ထားသည့် ဖုန်းက မြည်လာပြန်၍ ရိပေါ် ခေါင်းမထူချင်ပေမယ့် လက်နဲ့စမ်းကာ ကိုင်လိုက်၏။

*ဝမ်ရိပေါ်..Kက ဟိုတစ်နေ့က ဆွေးနွေးထားတဲ့ ဖိုင်တွေ ငါ့ဆီ ယူလာပေး။ ငါ မက်ဆေ့ပို့လိုက်မယ်*

*ငါ..*

တီ ခနဲ ကျသွားသည့် ဖုန်းကြောင့် ရိပေါ် ဘာမှပင်မပြောလိုက်ရ။ ခနနေ မက်ဆေ့ထဲ ဝင်လာသံကြောင့် ရိပေါ် မျက်လုံးကို မရမကဖွင့်ကာ ယူကြည့်လိုက်သည်။ ရှောင်းကျန့်က သူ့အိမ်လိပ်စာ ပို့ထားသည်ပဲ။

ရိပေါ် မသွားလို့လဲ မရ၍ အတင်းထကာ ဖလန်နယ် လက်ရှည် အညိုကွက်လေး ထပ်ဝတ်လိုက်သည်။ တစ်ကိုယ်လုံးကိုက်ခဲကာ ခေါင်းတွေပါ အုံထူနေ၍ ထသည်နှင့် မိုက်ခနဲ ဖြစ်သွားသည်။

အိပ်ယာကို လက်နဲ့ထောက်ပြီးမှ ခနကြာမှ ထပြီး အိမ်က ထွက်လာရသည်။ လှေကားက ဆင်းတော့လဲ မူးဝေလာ၍ ခနနားနေရသည်။ ကားငှားပြီး ရှောင်းကျန့်၏ အိမ်ကြီးဆီ ထွက်လာခဲ့၏။

ခြံဝအရောက် ခြံစောင့်ကြီးကို ရိပေါ် ပြောပြလိုက်မှခြံတံခါးကို ဖွင့်ပေးလေသည်။ ကျယ်ဝန်းသည့် ခြံကြီးနှင့် အလှပန်းပင်များ။ မြက်ခင်းတုကြီးကလဲ အကျယ်ကြီးပဲ။ နှစ်ထပ်တိုက် ခဲရောင်ကြီးက မြင့်မားစွာ အရှိန်အဝါ တစ်မျိုးဖြင့် တည်ရှိနေလေသည်။

ရိပေါ် ထိုအရာတွေကို ခနမျှသာ ကြည့်ပြီး အိမ်ထဲဝင်လာခဲ့သည်။ ရိပေါ်ကို မြင်သည်နှင့် ဦးလေးကြီးတစ်ယောက်က စူးစမ်းသလို ကြည့်လာကာ

*တူလေးက*

*ကျွန်တော်က ဘော့စ်ရဲ့အတွင်းရေးမှူး ရိပေါ်ပါ*

For..Where stories live. Discover now