For..

11K 781 151
                                    

ဟိုတယ်ပုံစံ အကြမ်းဖျင်းထွက်လာပြီမို့ ဒီနေ့ Mr.Shouပါ ရောက်နေလေသည်။ စားပွဲပေါ်တွင်တော့ ဟိုတယ်ပုံစံ တိုက်တာအသေးလေးတွေ ရှိနေလေ၏။ ရိပေါ်နှင့် ချွမ့်ဟွေးက အနောက်ကနေ မတ်တပ်ရပ်နေကာ ရှောင်းကျန့်တို့က သူတို့ရွေးထားသည့် ပုံစံတွေကို ကြည့်နေလေ၏။

*ဒါလေး မဆိုးဘူးနော်*

*ဒီပုံစံကိုတော့ ကျွန်တော်ကိုယ်တိုင်လဲ မမြင်ဖူးသေးဘူး*

ချွမ့်ဟွေးမှာ တစ်ခုခုကို ထိတ်လန့်နေပုံရသည့် ကိုကို့လက်ကို အသာဆွဲပြီး အားပေးသလို ပြုံးပြလိုက်သည်။ ကိုကိုက အခုပုံစံတွေကို လူကြီးတွေ မကြိုက်မှာ စိုးရိမ်နေသည့်ပုံပင်။ ချွမ့်ဟွေးကတော့ ထိုလို စိတ်မပူ။ သူအခုတည်ထားသည့်ပုံစံသည် မည်သည့်နိုင်ငံမှာမှ မရှိသေးသည့် ပုံစံပင်။

ကိုကိုက ကြောက်သလိုလေး ပုခုံးတွန့်ပြတော့ ချွမ့်ဟွေး သဘောတကျ ရယ်လိုက်မိသေးသည်။ လုံးဝ ကလေးလေး။

*ဒီပုံစံလေးတော့ ကျွန်နော် ပိုကြိုက်တယ်*

ထိုပုံစံသည် ချွမ့်ဟွေးနှင့် ရိပေါ် သေချာဆွေးနွေးကာ အဓိက အနေဖြင့် ပြထားသည့် အဆောက်အဦး။

*ကျွန်တော်လဲ ကြိုက်တယ် Mr.Sean။ ဒါဆို ဒီဟာကိုပဲ ကျွန်တော်တို့ ယူလိုက်ကြတာပေါ့*

ရှောင်းကျန့် ခေါင်းညိမ့်ကာ ထိုအခန်းမှ တစ်ဆင့် သူ့ ရုံးခန်းဆီ Mr.Shouတို့ကို ခေါ်လာခဲ့သည်။ အနောက်ကနေ ပါလာသည့် ဝမ်ရိပေါ်ကို လှည့်ကြည့်လိုက်တော့ ဟိုကောင့်ကို ကြည့်ကာ ရယ်နေသည်။ ရှောင်းကျန့် လှည့်ကြည့်နေတာကို ခုထိမသိသေးပဲ စကားပြော ကောင်းနေသေးပုံမှာ ကိုင်ပေါက်ပစ်ချင်စရာ။

ဒေါသက ထွက်သွား၍ စိတ်ထိန်းကာ Mr.Shouကို စကားလှည့်ပြောလိုက်သည်။ ဒီလောက် လူကြီးတွေ ရှိနေတာတောင် ဝမ်ရိပေါ်က မထိန်းနိုင်မသိမ်းနိုင်။

တွေးလေ ရှောင်းကျန့်က ဒေါသထွက်လေပင်။

*အဲ့တာဆို ကုမ္ပဏီ နှစ်ပတ်လည်မစခင် ဒီပရောဂျက်ကို အကောင်အထည်ဖော်ကြတာပေါ့ဗျာ*

*ဟုတ်ကဲ့ပါ Mr.Shou*

ရှောင်းကျန့် ပြုံးပြီး နှုတ်ဆက်လိုက်ကာ ဝမ်ရိပေါ်ဆီကိုလဲ ကြည့်လိုက်၏။ ရှောင်းကျန့်တို့ ကုမ္ပဏီနှစ်ပတ်လည်က ဘယ်လောက်မှ မလိုတော့။ ရက်ပိုင်းသာ လိုတော့သည်။ ရှောင်းကျန့် အရင်က မဲတွေနှိုက်ပေးပြီး၊ ဘောနပ်စ်တွေ ပေးပေမယ့် ဒီနှစ်တော့ တစ်မျိုးစဉ်းစားထားသည်။

For..Where stories live. Discover now