*ကျွန်တော် ကိုကိုတို့နဲ့ နေဝင်ချိန်ကို ကြည့်ချင်တယ်*
ဖျော့တော့စွာ ဆိုလာသည့် ဘမ့်ကြောင့် ရိပေါ်နှင့်ရှောင်းကျန့်တို့ နှစ်ယောက်စလုံး အလုပ်ကအစောပြန်ကာ ဘမ့်အား ဝင်ခေါ်ခဲ့၏။ ထို့နောက် ညနေနေဝင်ချိန်ကို အလှပဆုံး ကြည့်လို့ရမည့် ရှောင်းကျန့်ပိုင်သည့် ကမ်းခြေတစ်ခုအား ခေါ်ဆောင်လာခဲ့သည်။
ဖြူဖျော့စွာ ရိပေါ်လက်ကို ဆုပ်ကိုင်ထားသည် ဘမ်သည် ခေါင်းလေးကိုလဲ ရိပေါ်၏ပုခုံးအပေါ်သို့ ညင်သာစွာ မှီထား၏။ ရှောင်းကျန့် ကားမောင်းရင်းက အနောက်ကို လှည့်ကြည့်တော့ ရိပေါ်သည် မျက်လုံးအသာမှိတ်ပြကာ ကားကို ဂရုစိုက်မောင်းရန် အချက်ပြလိုက်သည်။
ဘမ့်အခြေအနေသည် တစ်နေ့တစ်ခြား ပိုပြီးဆိုးရွားလာသည်။ နိုင်ငံတကာ ပတ်ကုပေမယ့် နောက်ဆုံးအဆင့်ဟူသော သတ်မှတ်ချက်တွင် အားလုံး လက်လျော့ကုန်ကြ၏။
*ရိပေါ်ကော*
*ဟင်..အင်း ပြောလေ ဘမ်*
တိုးသဲ့စွာ ခေါ်လာသည့် ဘမ့်အသံကြောင့် ရိပေါ် ချက်ချင်း ထူးလိုက်သည်။ အရိုးသာ ကျန်တော့သည့် ဘမ့်၏ လက်သွယ်သွယ်လေးသည် ရိပေါ်၏ လက်ချောင်းလေးတွေအား ခပ်တင်းတင်း ဆုပ်ကိုင်ရင်း
*အရင်ကလေ ကျွန်တော် ရိပေါ်ကောကို အရမ်းကြည့်မရဖြစ်ခဲ့တယ်။ ကိုကို့အနားမှာ အချိန်အကြာကြီး ရှိခဲ့တဲ့သူ၊ ပြီးတော့ ကိုကို့စိတ်ဝင်စားမှုအားလုံးကို အပိုင်သိမ်းနိုင်ခဲ့လို့လေ အဟွတ်..*
*ချောင်းဆိုးနေရင် ခနနေမှ ပြောလေ ဘမ်နော်*
ဘမ် ခေါင်းအသာ ယမ်းလိုက်သည်။ ပြီးမှ ဆိုရင် သူ ဒီလောကကြီးထဲမှာ ရှိချင်မှရှိတော့မည်။ သူ ထွက်မသွားခင် ရိပေါ်ကောနှင့် ကိုကို့အား မှာစရာတွေ ရှိသေး၏။
*ပြီးတော့ ရိပေါ်ကောက ရယ်ရင်ရော၊ တည်ရင်ရော အရမ်းချစ်ဖို့ကောင်းလွန်းလို့ ကျွန်တော့်မသိစိတ်ထဲက ရိပေါ်ကောကို ခင်နေခဲ့သေးတာ*
*အကိုကလဲ မင်းကို ညီလေးလို ချစ်ပါတယ် ဘမ်*
*ဒါပေမယ့်လေ ကျွန်တော်က မကောင်းဘူးသိလား။ ရိပေါ်ကောနဲ့ ကိုကို ကျွန်တော့်ေတာင်းဆိုမှုကြောင့် စိတ်ညစ်ခဲ့ကြရတယ်မလား*