For...

7.6K 655 16
                                    

မရည်ရွယ်ပဲ ရိပေါ်၏ ကားလေးက ရှောင်းကျန့် အလုပ်လုပ်နေသည့် ကော်ဖီဆိုင်လေးသို့။‌ ရိပေါ် ထောင့်ကျသည့် တစ်နေရာမှာ ဝင်ထိုင်လိုက်ရင်း ရှောင်းကျန့် အလုပ်လုပ်နေသည်ကို ကြည့်နေမိသည်။

*ဖုန်းနံပါတ်လေး ရနိုင်မလားဟင်*

ရိပေါ် ဒေါသထွက်သွားသည်။ ကြည့်ရတာ ကျောင်းသူလေးတွေထင်သည်။ ရှောင်းကျန့် ကော်ဖီလာချပေးသည်နှင့် တဟိဟိလုပ်ပြီး ဖုန်းနံပါတ် တောင်းနေကြသည်။

*ချစ်သူရှိပါတယ်ဗျ*

*ဟွင့်*

သို့ပေမယ့် ရှောင်းကျန့်၏ အဖြေကြောင့် ရိပေါ် ကျေနပ်သွားရသည်။ ဘာမှန်းမသိသည့် ကြည်နူးမှုလေးကလဲ ရင်ထဲတိုးဝင်လာသည်။

ငါ့နောက်ကွယ်မှာတောင် သစ္စာရှိပါလားဆိုသည့် ခံစားချက်က ရိပေါ်အတွတ် ပထမဦးဆုံး ခံစားဖူးသည့် ခံစားချက်လေး။

*ဟာ အဆိုးလေး*

ရိပေါ်ကို မြင်ပြီး အံ့ဩသွားသလိုလေး ဖြစ်သွားသည့် ရှောင်းကျန့်၏ မျက်နှာကြောင့် ရိပေါ် ရင်ခုန်သွားသည်။

သို့ပေမယ့် ရိပေါ် မျက်နှာတွင် ဘာမှမဖြစ်သလို ခပ်တည်တည်ဖြင့်သာ။

*ဘာလာလုပ်တာလဲ အဆိုးလေးက*

*ကော်ဖီလာသောက်တာပေါ့..ဘာလဲ ငါ လာလို့မရဘူးလား*

ရှောင်းကျန့်က ခေါင်းအသာခါကာ ရယ်ရင်းပင်

*ရပါတယ် အဆိုးလေးရဲ့။ အဆိုးလေးက ဒီလိုဆိုင်တွေ မထိုင်လောက်ဘူး ထင်လို့*

*နေစမ်းပါ..ငါ့အတွတ် cappuccinoတစ်ခွက်*

*အိုခေ..အိုခေ ကိုယ့်အချစ်တွေ ထည့်ဖျော်လာခဲ့မယ်*

ရိပေါ် ရှောင်းကျန့်၏ ကျောပြင်ကြီးကို အနောက်ကနေ ကြည့်ကာ ချစ်သည့်စိတ်တွေသာ တိုးလာသည်။ ရှောင်းကျန့်သည် အိမ်နေရင်း စုတ်စုတ်ပြတ်ပြတ်အဝတ်အစားနဲ့တောင် ချောလွန်းသည့်ကောင်။

အခုလဲ ဝန်ထမ်းအဝတ်အစားဖြင့် ကြည့်ကောင်းနေဆဲ။ ရှည်လျားသည့် အရပ်ကြီးက မိန်းကလေးတိုင်း၏ အိမ်မက်ထဲက ချစ်သူပုံစံလိုပင်။

For..Where stories live. Discover now