For..

8.1K 723 18
                                    

*ကျွီ..!*

တရကြမ်း ထိုးရပ်လာသည့် ရိပေါ်တို့၏ ပြိုင်ကားသုံးစီးကြောင့် ကျောင်းသား၊ကျောင်းသူတွေ ဝိုင်းလာကာ ဓာတ်ပုံဝိုင်းရိုက်ကြလေသည်။

*ဟင်*

*ဟဲ့..ဘာဖြစ်မှာလဲ မသိဘူး*

ကားပေါ်က ဆင်းသည်နှင့် ရိပေါ်သည် လူအုပ်ကြားထဲ တိုးဝင်လာ၍ ကျောင်းသားတွေက ကြောက်လန့်စွာ ခေါင်းငုံ့ပြီး လူရှဲပေးနေကြရလေသည်။

ရိပေါ်၏ မျက်နှာသည် တည်တင်းနေကာ အချိန်မရွေးပေါက်ကွဲနိုင်သည့် ဗုံးလိုပင်။ ကျောင်းသားတွေ အားလုံး လန့်နေကာ ဘယ်သူက ရိပေါ်၏ အမဲဖျတ်ခြင်း ခံရမလဲဆိုတာ ထိတ်ထိတ်လန့်လန့်ဖြင့်။

*အာ့..ဗုန်း*

ကျောင်းသားတွေ၏ နောက်ဆုံးမှာ ရပ်နေသည်ြ့ ဒုတိယနှစ်က ကောင်၏ ရင်ဘတ်ကို အားနဲ့ဆောင့်ကန်လိုက်သည့် ရိပေါ်ပင်။ ထိုကျောင်းသားမှာ ရုတ်တရတ်မို့ ဘယ်လိုမှ မထိန်းနိုင်ပဲ မြေပြင်ပေါ် လဲကျသွားလေသည်။

*မင်းလား..ငါ့အကြောင်းပြောရဲတာ*

*ခွပ်..အာ့*

တစ်ခွန်းမေး တစ်ခါထိုးဖြင့် အောက်ကကောင်မှာ သွေးတွေရဲနေလေပြီ။ ဟယ်ရီတို့ကတော့ ရိပေါ်နောက်ကနေ လက်ပိုက်ကာ အခြေအနေကို ကြည့်နေလေသည်။

*နောက်တစ်ခါ မင်းစောက်ပါးစပ်က ငါ့အကြောင်းပြောရဲပြောကြည့်စမ်း။ မင်းအသက် ဘယ်က ထွက်လို့ ထွက်ရမှန်းမသိ ဖြစ်သွားမယ်*

*တောင်း..တောင်းပန်ပါတယ်*

ထိုကျောင်းသား၏ မျက်နှာကို တစ်ချက်ထိုးကာ ရိပေါ် ထိုနေရာကနေ ထွက်လာခဲ့သည်။ ထိုမြင်ကွင်းကို ကျောင်း ကော်ရစ်တာကနေ ရပ်ကြည့်နေသည့် ရှောင်းကျန့်နဲ့ မေရီ။

*ရိပေါ်က သိပ်ဒေါသကြီးတာလေ။ ဒါပေမယ့် သူက သနားဖို့ ကောင်းပါတယ်*

ရှောင်းကျန့် မျက်ခုံးပင့်ကာ မယ်ရီ့ဘက် ကြည့်လာသည်။ မယ်ရီက ပြုံးကာ

*ဘာလဲ တို့က ညာပြောတယ်ထင်လို့လား။ အကုန်လုံးက ရိပေါ်က သနားစရာကောင်းတယ်ဆို မယုံကြဘူး*

For..Where stories live. Discover now