For...

8.6K 715 57
                                    

အပြန်လမ်းသည် နှစ်ယောက်စလုံးအဖို့ လေးလံနေ၏။ ရိပေါ်က အရမ်းဆိုးဆိုးရွားရွားကြီး မခံစားရပေမယ့် ရှောင်းကျန့်ကတော့ ငိုင်ကျနေကာ အားမရှိတော့သည့် သူ တစ်ယောက်လို။ ရိပေါ် ခံစား၍ရသည်။ ရှောင်းကျန့် ဝမ်းနည်းနေသည်ကိုလဲ နားလည်ပေးလို့ရ၏။

*ငိုချင်ငိုချလိုက်ပါ ကိုကို*

ကားကို လမ်းဘေးတစ်နေရာရပ်ထားကာ ရိပေါ် ကိုကို့ကို ခါးပတ်ဖြုတ်ပေးလိုက်ပြီး ကိုကို့ခန္ဓာကိုယ်ကြီးကို ရင်ခွင်ထဲ ဆွဲထည့်လိုက်၏။ ထိုအခါမှပင် ရိပေါ် လည်တိုင်ကို သိုင်းဖက်ကာ တဟီးဟီးနဲ့ ငိုချလာသည့် ရှောင်းကျန့်ပင်။

*ဒီလိုအဖြစ်အပျက်တွေကို ငါတို့မှာ ရွေးချယ်ပိုင်ခွင့် မရှိဘူးလေ ကိုကို။ ကံတရားက သတ်မှတ်ပေးပြီးသား။ ငါတို့ ဘမ့်ကိုသာ ပျော်အောင် ထားကြမယ်လေ*

*က‌ေလးက ငယ်သေးတယ်။ သူ ဒီအရွယ်မှာ ကိုယ်နဲ့သူ့အဖေအပေါ်ကို ကလေးတစ်ယောက်လို ဆိုးနေရအုံးမှာ။ သူ့သူငယ်ချင်းတွေနဲ့ စာတွေကျတ်နေရအုံးမှာလေကွာ။ ဒီလို ထွက်သွားရမှာ မဟုတ်ဘူး*

ရှောင်းကျန့် ပြောမှပင် ရိပေါ် မျက်ရည်လည်လာ၏။ ဘမ့်၏ ကလေးတစ်ယောက်လို အပြုံးတွေ။ အားလုံးအပေါ် ခင်မင်တတ်တာတွေ။ ဘာလို့ ဒီကလေးကိုမှတဲ့လဲ။

ရိပေါ် ဘမ့်ကို မချစ်ပေမယ့် စာနာနိုင်ပါသည်။ ကိုကို့အပေါ် ချစ်နေသည့် သူ့အချစ်တွေကို သူ မသေဆုံးခင် ထုတ်ဖော်ပြချင်သည်ထင်သည်။ ရိပေါ် အဲ့တာကြောင့်လဲ ဦးလေးယွဲ့ပြောတာကို လက်ခံခဲ့သည်။ ကိုကိုနဲ့ ဘမ့်ကို တစ်လတိတိတွဲစေကာ ဘမ့်ကို ပျော်အောင် ကိုကို့အား ထားခိုင်းမိ၏။ ရိပေါ် သေဆုံးတော့မည့် လူတစ်ယောက်နှင့် ပြိုင်ပြီး ကလေးမဆန်ချင်ပါ။

ရိပေါ် အရာရာနားလည်ပေးပြီး ဘမ့်ဘဝလေး ဘဝကူးကောင်းအောင်သာ ရိပေါ် ကြိုးစားပေးချင်နေ၏။

________________________

*ကိုကိုနဲ့ မနက်စာစားဖို့ လာတာလေ*

ရှောင်းကျန့်၏ ရုံးခန်းထဲကို ပြေးဝင်လာသော ကောင်လေး။ တစ်နေ့တစ်ခြား ပိန်သွားတာကိုကြည့်ပြီး ရှောင်းကျန့် သတိမထားမိခဲ့ဘူး။ အပြုံးချိုချိုလေးတွေနဲ့ ပြုံးပြနေကာ လက်ထဲတွင် စားစရာတွေအပြည့်။ နောက်များ ဒီအပြုံးလေး မြင်ရဖို့ မသေချာတော့ပေ။

For..Where stories live. Discover now