For...

10.1K 751 176
                                    

ရှောင်းကျန့်တို့ကုမ္ပဏီ၏ လမ်းမျက်နှာချင်းဆိုင် အပင်ကြီးအောက်တွင် ပြိုင်ကား အနက်လေး ရပ်ထားကာ ထိုကားအား မှီပြီး ကုမ္ပဏီဘက် မမှိတ်မသုန် စိုက်ကြည့်နေသည့် ကောင်လေးရှိသည်။ အရွယ်ငယ်ငယ်နှင့် ချောမောလွန်းသည့် မျက်နှာကြောင့် ဝန်ထမ်း တော်တော်များများ လှည့်ကြည့်သွားကြလေသည်။

သူတို့ ကုမ္ပဏီရှေ့မှာ ပြိုင်ကားဖြင့်ရပ်ပြီး ချောမောသည့် ကောင်လေး ရှိနေသည်ဆိုတာနဲ့တင် သူလားငါလား ထင်ကြေးပေးနေကြသည်။ နေ့လည်စာစားချိန်မို့ အများစုက ကုမ္ပဏီတစ်ဘက်ခြမ်းမှာ ရှိသည့် သန့်ရှင်းပြီး လက်ဆက်သည့် my houseမှာပင် လာစားကြသည်။

ချောမောလှပသည့် မိန်းကလေး တော်တော်များများ ဖြတ်သွားပေမယ့် ထိုကောင်လေးသည် ဖုန်းကြည့်နေတာပင်မပျက်။ လုပ်ယူထားတာ မဟုတ်မှန်း သိသာလှစွာ ထိုကောင်လေးသည် မည်သူ့မှ ဂရုမစိုက်။

စတိုင်လ်ပန်အနက်နှင့် ရှပ်အပွအနက်ကို ထပ်ဝတ်ထားကာ အပေါ်က ဖလန်နယ်အကွက်တစ်ထည် ထပ်ဝတ်ထားလေသည်။ နားတွင်လဲ သေးသေးလေးသာရှိသော နားကပ်တစ်ဖက်ဝတ်ထားကာ ဆံပင်ကတုံးပေါက်စတိုင်လ်လေးနှင့် ထိုကောင်လေးက လိုက်ဖက်လွန်းသည်။

ဖုန်းကို ကိုင်ထားသည့်လက်သည် နီရဲနေကာ ရှည်သွယ်နေကြ၏။ အဝေးကကြည့်ရုံနဲ့တင် ပိုက်ဆံရှိ သားသမီးမှန်း သိသာစွာ မော့ကြွားကြွား။

ချွမ့်ဟွေး ပေါက်စီလုံးလေးကို စောင့်နေပေမယ့် ခုထိထွက်မလာသေး။ ဝန်ထမ်းအားလုံးလဲ ကုန်သလောက်ဖြစ်နေလေပြီ။

*ဒီမှာ*

သူ့‌ေဘးနားက ဖြတ်သွားသည့် အကိုကြီးတစ်ယောက်နှင့် အစ်မကြီးဆီ ချွမ့်ဟွေး ခေါ်လိုက်၏။

*အင်း ပြောလေ မောင်လေး*

*ဒီကုမ္ပဏီက ဝမ်ရိပေါ်က အပြင်ထွက်ပြီး နေ့လည်စာမစားဘူးလား*

ချွမ့်ဟွေး မေးခွန်းက ဘယ်လိုဖြစ်သွားသည်မသိ ရှေ့ကလူနှစ်ယောက်သည် တစ်ယောက်နဲ့ တစ်ယောက်ပြန်ကြည့်နေကြ၏။ ပြီးမှ ချွမ့်ဟွေးကို စူးစမ်းသလို ကြည့်လာကာ

For..Where stories live. Discover now