For...⚠️⚠️⚠️

14.2K 653 63
                                    

ရိပေါ် အိမ်မပြန်ဖြစ်တော့ပဲ ရှောင်းကျန့် အိမ်မှာပဲ အိပ်ရသည်။ ပြီးတော့ ရိပေါ်ကို သပ်သပ်အခန်းတစ်ခန်း ခွဲထားပေးသည်လဲ မဟုတ်။ သူနဲ့အတူတူ အိပ်ခိုင်းလေသည်။ ရိပေါ် အရင်က သူနဲ့ ဘယ်လောက်အဆင့်ကျော်ခဲ့ဖူးဘူး အခုလိုကျ တစ်မျိုးကြီးပင်။ အရင်က သူ့အခန်းထဲ အိပ်ဖူးပေမယ့် အခုလို စိတ်ဆိုးပြေခါစ အခြေအနေနဲ့တော့မဟုတ်။

ပြီးတော့ ဘာကြောင့်မှန်းမသိ ရိပေါ်ရင်တွေခုန်နေ၏။

*အဆိုးလေး..!*

ရေချိုးခန်းထဲက ထွက်လာသည့်သူသည် ည အိပ်ယာဝင်ခါနီးမို့ သွားတိုက်၊ မျက်နှာသစ်လာ၍ မျက်နှာချောချောတွင် ရေစက်တို့က တွဲခိုနေကာ နှုတ်ခမ်းတွေက စိုရဲနေလေသည်။ ရင်ဘတ်ဟပြဲဖြင့် ညဝတ်အကျီကိုလဲ ကြိုးချည်မထားပေ။

ရင်ဘတ်ကအမွှေးအမျှင်အချို့နှင့် ဆီးခုံစပ်နားက အမွှေးအမျှင်အချို့ကြောင့် ရိပေါ်၏ မျက်နှာလေးသည် ပူထူသွားလေသည်။

*ဟေ့..!*

*ဘာ..ဘာလဲ*

ရိပေါ် ပါးဖောင်းဖောင်းလေးကို လက်အေးအေးနှင့် ထိကပ်လိုက်မှပင် ရိပေါ် အသိဝင်လာကာ မျက်လုံးလေး ပြူးသွားသည်။ ရှောင်းကျန့်ကတော့ ရယ်နေတာ သွားစွယ်လေးတွေ ပေါ်သည်အထိပင်။

*အိပ်ကြရအောင်လေ။ ညဝတ်လဲ*

*ည..ညဝတ်က ဘယ်မှာလဲ*

ရှောင်းကျန့်က မျက်ခုံးပင့်ပြကာ

*အရင်က အဆိုးလေးဖို့ သပ်သပ်ထားထားတဲ့ ဗီရိုထဲမှာပဲလေကွာ။ သွားလဲတော့..အိပ်ကြရအောင်*

ရိပေါ်ကို အတင်းတွန်းကာ ဆင်းခိုင်းနေ၍ ရိပေါ် အမြန်ဆင်းလိုက်ပြီး ညဝတ်ကိုယူကာ ရေချိုးခန်းထဲ ဝင်လာခဲ့သည်။ ပြန်ထွက်လာတော့ ကုတင်ခေါင်းရင်းကို မှီကာ ခြေဆင်းထားပြီး တစ်ချောင်းပေါ်တစ်ချောင်းထပ်ကာ ဖုန်းကြည့်နေသည့်သူ။

ရိပေါ် ကိုမြင်မှ ဖုန်းကိုချကာ သူ့ရင်ခွင်ထဲ လာဆိုသည့် သဘောဖြင့် လက်ကို ကားထားလေသည်။ ရိပေါ် နှုတ်ခမ်းတွန့်ကွေးရုံလေးပြုံးကာ သူ့ရင်ခွင်ထဲ ဝင်အိပ်လိုက်သည်။ ရိပေါ်နဖူးပေါ် ကျရောက်လာသည့် အနမ်းနွေးနွေးလေးကြောင့် ရိပေါ် ပြုံးမိသွားသည်။

For..Where stories live. Discover now