For...

9.4K 770 39
                                    

*ဘော့စ်..အားလုံး အဆင်သင့်ဖြစ်ပါပြီ*

ရှောင်းကျန့် အနောက်နားမှာ ရပ်နေသည့် ရိပေါ်ကိုလဲ ကွမ့်ကျွင်းက ကြည့်ကာ ရယ်ပြလိုက်သေး၏။ dinnerပွဲက ရိပေါ်မလိုက်လဲ ဖြစ်သည့်ကိစ္စကို မလိုက်မနေရဖြင့် ခေါ်နေ၍ ရိပေါ် ပါလာရသည်။

Dinnerပွဲဆိုတော့လဲ အဆင်ပြေတာ ရွေးဝတ်ရသည်။ အရင်ကလို Brandedတွေ မဝတ်နိုင်ပေမယ့် ရိပေါ်မှာ ဖက်ရှင်အမြင်တော့ ရှိ၏။ ရှပ်အဖြူလက်ရှည်နှင့် စတိုင်လ်ပန်အနက်ကို တွဲဝတ်ကာ လက်မှာ နာရီတစ်လုံးသာ ပတ်ထားလိုက်၏။

သူကလဲ ရှပ်ခဲရောင်လက်ရှည်ကို အပေါ်က ကုတ်အနက်ထပ်ဝတ်ထားကာ နက်ခ်တိုင် အစက်အပျောက်ခဲရောင်ဖြင့် ခန့်ခန့်ညားညား။

သူက ကားနောက်ခန်း ဝင်ထိုင်လိုက်၍ ရိပေါ် အလိုက်တသိပင် ရှေ့က ခုံမှာဝင်ထိုင်ရန် ပြင်လိုက်သည်။

*ဟိုတစ်ယောက် အနောက်လာခဲ့*

အေးစက်စက်ထွက်လာသည့် စကားသံကြောင့် ရိပေါ် ကွမ့်ကျွင်းကို ခေါင်းတစ်ချက်ညိမ့်ပြခဲ့ကာ သူ့ဘေးနား ဝင်ထိုင်လိုက်သည်။ လိုက်သာလိုက်လာရတာ ဟိုရောက်ရင် ဘာလုပ်ရမှန်းမသိ။ လုပ်ငန်းကိစ္စတွေပြောမှာမဟုတ်ပဲ ညစာစားတာကို ဘာလို့ ရိပေါ်ကို ခေါ်မှန်းမသိ။

အချိန်ပိုင်းအလုပ်ကို ခွင့်ယူလိုက်ရကာ မလိုက်ချင်ပဲ သူ့နောက် လိုက်ခဲ့ရ၏။ ဟိုတယ်ရှေ့ ရောက်သည်နှင့် ကားလေးက ရပ်သွားကာ ဟိုတယ်က ဝန်ထမ်းတွေက ကားပါကင်ကို ကားကိုသွားထားပေးကြလေသည်။ ရှောင်းကျန့် ကုတ်ကို နှစ်ချက်လောက်ဆွဲဆန့်ကာ ဟိုတယ်ထဲ ဝင်လာခဲ့သည်။

အနောက်မှာတော့ ကွမ့်ကျွင်းနှင့်ရိပေါ်။

*Mr.Sean*

*Mr.Sean*

စားပွဲမှာ ဝင်ထိုင်သည်နှင့် လာပြီး လက်ဆွဲနှုတ်ဆက်ကြသည့် လုပ်ငန်းရှင်များ။ သူက တကယ်ကို လူအများ၏ အားကျခြင်းကို ခံရသည့် သူတစ်ယောက်ဖြစ်နေသည်ကို ကြည့်ကာ ရိပေါ်မှာ ဂုဏ်ယူမဆုံး။ ရိ‌ေပါ်နဲ့ လမ်းခွဲလိုက်လို့ လမ်းဘေးဘဝရောက်သွားသည်ကို မြင်ရလျှင် ရိပေါ် ဘယ်လိုမှ ကိုယ့်ကိုယ်ကို ခွင့်လွှတ်နိုင်မည်မဟုတ်။ အခုများတော့ ရှောင်းကျန့်ကို ကြည့်ကာ ဂုဏ်ယူပြီးရင် ဂုဏ်ယူနေရ၏။

For..Where stories live. Discover now