For...

8.7K 669 29
                                    

*ဒီပုံစံလေးက ပိုမိုက်တာ*

ဒီဇိုင်းဌာနက အသစ်ပို့ပေးလာသည့် ပုံအချို့ကို နှစ်ယောက်သား ခေါင်ူချင်စဆိုင်ကာ တိုင်ပင်နေလေသည်။ ရိပေါ်က မနက်ဖြန်အတွတ် ရှောင်းကျန့်၏ scheduleတွေကို စီစဉ်နေပေမယ့် အကူအညီတောင်းလာ၍ ရွေးကူနေခြင်းဖြစ်သည်။

ရိပေါ်သည် အခုနောက်ပိုင်းတိုက်ခန်းကိုတောင် သိပ်မပြန်ဖြစ်တော့ပဲ ရှောင်းကျန့်ဆီမှာပဲနေကာ ရှောင်းကျန့် အလုပ်ကြောင့် ခရီးသွားစရာရှိမှပင် ရိပေါ် အိမ်ပြန်တတ်သည်။ တစ်ခါတစ်လေကျ ဘမ့်ဆီမှာပဲ သွားနေကာ နှစ်ယောက်သား ညနေခင်းတိုင်း နေဝင်တာကို ကြည့်တတ်၏။

*ဖုန်းလာနေတယ်လေ ဘေဘီ*

ရှောင်းကျန့် စာအချို့ရိုက်ရင်း ဖုန်းသံမကြားပဲ အတွေးထဲ နစ်မြောနေသည့် ဘေဘီ့အား သတိပေးသလို ပြောလိုက်၏။

*အဟီး..အတွေးလွန်သွားလို့*

ရိပေါ် ဖုန်းကိုကောက်ကိုင်ကာ နံပါတ်ကို ကြည့်လိုက်တော့ ချွမ့်ဟွေး။ ရှောင်းကျန့်က မေးလ်အချို့ကို ဖတ်ကာ စာပြန်ပို့နေ၍ ရိပေါ် အလိုက်တသိပင် ဖုန်းးပီကာ ဖွင့်ကာ ရှောင်းကျန့်နား ပိုတိုးထိုင်ရင်း ဖုန်းကိုင်လိုက်သည်။

ရှောင်းကျန့်က သူနဲ့ချွမ့်ဟွေးကို သဝန်တိုသည့်အတွတ် ရိပေါ် အခုလို လုပ်လိုက်ခြင်းဖြစ်သည်။ ရှောင်းကျန့် စိတ်ထဲ ရိပေါ်ကို တစ်မျိုးအမြင်မခံနိုင်သလို ရှောင်းကျန့် စိတ်ညစ်မည့် အခြေအနေမျိုးကိုလဲ ရိပေါ် မဖန်တီးချင်။

*ကိုကို့..*

စာရိုက်နေသည့် ရှောင်းကျန့်လက်တွေက ရပ်တန့်သွားကာ ရိပေါ်တို့ပြောတာကို နားထောင်နေ၏။ သိူ့ပေမယ့် ခနပင် သူ လုပ်စရာရှိတာကို ဆက်လုပ်ပြီး ရိပေါ်ဆီ ငဲ့ကြည့်မလာတော့။ သို့ပေမယ့် ရိပေါ်သိပါသည်။ ကိုကိုသည် သူတို့နှစ်ယောက်ပြောတာတွေကို နားစွင့်နေမည်ဆိုတာ။

*အင်း ပြောလေ ချွမ့်ဟွေး*

*ကိုကို့..*

ချွမ့်ဟွေးအသံက အရက်မူးနေမှန်း သိသာစွာ စကားလုံးတွေက ဝေဝေဝါးဝါး။

For..Where stories live. Discover now