For...⚠⚠⚠

11.6K 640 24
                                    

ရိပေါ်တို့ Mallထဲ ရောက်သည်နှင့် မုန့်အရင်စားကာ Mallတစ်ခုလုံးကို လျှောက်ပတ်သွားလိုက်သည်။ အခုမှ ငယ်ရွယ်သည့် အချိန်ကို ပြန်ရောက်သွားခဲ့သည့်အတိုင်း။ ရိပေါ်နှင့် ရှောင်းကျန့်တွင် ဒီလို လျှောက်လည်၊ လျှောက်စားခဲ့သည့် အချိန်တွေက လက်ချိုးရေခဲ့လို့ရသည်။ အဲ့တုန်းက ရိပေါ်ကလဲ ဆိုးပေနေသလို၊ သူကလဲ အလုပ်တစ်ဖက်ဖြင့်။ ရိပေါ် ပူဆာသည့်အချိန်တိုင်းတွင်တော့ အမြဲလိုက်ပို့လေ့ရှိကာ ပျော်ဖို့ကောင်းခဲ့သည်။

*ဟင်..*

ရိပေါ်ရှေ့ တည့်တည့်မတ်တပ်လာရပ်ကာ လာကနေသည့် ကောင်မလေးနှစ်ယောက်ကြောင့် ရိပေါ် သဘောတကျရယ်ပြီး ရှောင်းကျန့်ဘက် လှည့်ကြည့်လိုက်သည်။ သီချင်းသံက ကျယ်လာသလို ကောင်လေးအချို့ပါ ဘယ်ကရောက်လာမှန်းမသိ စီးချက်ညီညီကို ကနေကြလေသည်။

ဘေးက လူအချို့ကလဲ လာဝိုင်းကြည့်နေသလို ရိပေါ်ကိုယ်တိုင်လဲ သဘောကျလွန်း၍ ပြုံးပြုံးလေး ရပ်ကြည့်နေမိသည်။ အကက တော်ရုံကတတ်သည့် လူတွေမဟုတ်မှန်း သိသာ၏။

*ဟဲ့ အဲ့တာ Light Dance groupမလား..အား*

*ဟဲ့ ဟဲ့..ဘယ်လိုဖြစ်လို့ နိုင်ငံကျော် အကအဖွဲ့က ဒီကို လာက နေရတာလဲ*

ရိပေါ်အနောက်က ကောင်မလေးတွေ အသံကြောင့် ဒီလူငယ်တွေက တော်ရုံမဟုတ်မှန်း ရိပေါ် သိလိုက်သည်။ အစကထဲက သူတို့ကကွက်တွေ မြင်ရုံဖြင့် သာမာန်လျှံကာ မဟုတ်မှန်းသိသည်။ ရုပ်ရည်တွေကလဲ အားလုံး အပြစ်ပြောစရာမရှိ။ ဘေးက လူတွေက ဓာတ်ပုံတွေရိုက်ကာ အော်ဟစ်နေကြလေသည်။

*ဗျာ..ကျွန်တော့်ကိုလား*

ရိပေါ်ဆီနှင်းဆီပန်း လာပေး၍ ရိပေါ် ယူလိုက်ကာ အူကြောင်ကြောင်လေး ဖြစ်နေသည်။ ဘေးက ကိုကို့ကို ကြည့်လိုက်တော့ ကိုကိုက မရှိတော့။ ရိ‌ပေါ် အကထဲ မြောနေတုန်း ကိုကို ထွက်သွားသည် ထင်သည်။

ခနနေ ထိုကနေသည့်အဖွဲ့က အားလုံးစုစည်းပြီး တီးလုံးသံလဲ ငြိမ်သက်သွားသည်။ အားလုံးကလဲ တိတ်ဆိတ်သွား၏။ ပြီးမှ သီချင်းသံ ငြိမ်ငြိမ်အေးအေးလေး ထွက်လာကာ ထိုအကဖွဲ့က လူခွဲလိုက်၍ သူတို့ကြားထဲတွင် ကော်ဇောနီတစ်ခု ပေါ်လာကာ ထိုလမ်းတစ်လျှောက်တွင် ပန်းတွေကြဲထားလေသည်။

For..Where stories live. Discover now