For....

9.5K 777 116
                                    

ရှယ်ယာရှင်တွေ လာသည်နှင့် ကွမ့်ကျွင်းနှင့် ရိပေါ်က ရှောင်းကျန့် အနောက်နားမှာ ဖိုင်အချို့ပိုက်ပြီး မတ်တပ်ရပ်နေရသည်။ ရိပေါ်ကသာ ဖိုင်အချို့ ပွေ့ထားပေမယ့် ကွမ့်ကျွင်းက လက်ချင်းယှက်ကာ သတိအနေအထားနှင့်မတ်တပ်ရပ်နေပြီး ရှောင်းကျန့်ခိုင်းလျှင် လုပ်ပေးရန် အသင့်။

*ကိုးရီးယားမှာ လုပ်ငန်းတိုးချဲ့ဖို့ စဉ်းစားပေးတာ ကျေးဇူးပါ Mr.Sean*

ရှောင်းကျန့်သည် နှုတ်ခမ်းထောင့်စွန်း ကော့တက်ရုံ ပြုံးလိုက်၏။ ပြီးမှ အားလုံးကို ကြည့်လိုက်ကာ

*ကျွန်တော်ကလဲ ပြန်ကျေးဇူးတင်ရမှာပါ။ဒီနေ့မပြန်ဖြစ်ကြသေးရင် ညစာကို ကျွန်တော် လိုက်ကျွေးပါရစေ*

*ကျွန်တော်တို့က တရုတ်စာဆို သိပ်ကြိုက်ဗျာ*

လုပ်ငန်းရှင်အချင်းချင်း ပြောဆို ရယ်မောနေကြတုန်း ရှောင်းကျန့် ကိုယ်ကိုယ်အနောက်အနည်းငယ် လှန်လိုက်ကာ ကွမ့်ကျွင်းကို သူ့အနား ခေါ်လိုက်၏။

*××××ဟိုတယ်မှာ ညစာ ကြိုပြင်ဆင်ထားခိုင်းလိုက်။ အကောင်းဆုံးဆိုတာတွေပဲ ဖြစ်ချင်တယ်လို့*

*ဟုတ်ကဲ့ပါ ဘော့စ်*

ကွမ့်ကျွင်းက ထွက်သွား၍ ရိပေါ်သာ သူ့အနား ကျန်ခဲ့သည်။ လုပ်ငန်းရှင်တွေဆိုပေမယ့် အသက်ကြီးကြီးတွေတော့ မဟုတ်။ အလွန်ဆုံး အသက်၅၀လောက်သာ ပါပြီး အရွယ်ကောင်းတွေ ကြည့်ပင်။

ထိုအထဲက လူကြီးတစ်ယောက်သည် စရောက်ကထဲက ရိပေါ်ကို ကြည့်နေကာ ဝါးစားမလိုပင်။ တစ်ခုခုများ မှားနေသလားဆိုပြီး ရိပေါ် ပြန်စမ်းစစ်ပေမယ့် ဘာမှမတွေ့။ ထိုလူကြီးက သူနဲ့စကားပြောနေပေမယ့် အကြည့်တွေက ရိပေါ်ဆီမှာ။

မူမမှန်မှန်း သိပေမယ့် ဘာမှလုပ်လို့မရ။ ရိပေါ်က သူ့နောက်လိုက် အတွင်းရေးမှူး။ တစ်ခုခု ထပြောလိုက်လျှင် သူ့စီးပွားရေးထိပြီး နာမည်ဆိုး ထွက်လာနိုင်၏။

*အတွင်းရေးမှူး အသစ်လား  Mr.*

ရိပေါ်ကိုပဲ ကြည့်နေသည့် လုပ်ငန်းရှင်လူကြီးက ထမေးလာသည်။ ရှောင်းကျန့် ရိပေါ်ဘက် အနည်းငယ် ငဲ့စောင်းကြည့်ကာ

For..Where stories live. Discover now