For..

9.4K 754 100
                                    

*ကိုကို့..!*

ကွမ့်ကျွင်းနှင့် Golfရိုက်ဖို့ သွားရန်ပြင်နေသည့် ရှောင်းကျန့်မှာ အသံစူးစူးလေးကြောင့် ခေါင်းကိုအသာဖွလိုက်ရင်း ရပ်နေလိုက်သည်။ သူ့ရင်ခွင်ထဲ ဝုန်းခနဲ ဝင်လာကာ ခါးကို ဖက်လာသည့် ဘေဘီ။

အသက်၁၉နှစ်အရွယ်သာပြောသည် ဘေဘီက အခုထိ ကလေးလိုပင်။ ဦးလေးယွဲ့ကလဲ သူ့သားကို အရမ်းချစ်တော့ အစစအရာရာ အလိုလိုက်လေသည်။ဩစတေးလျမှာ နေကထဲက ဘေဘီသည် သူ့အပေါ် အရမ်းခင်တွယ်လွန်းသည်။

ရှောင်းကျန့် ဩစတေးလျကိုရောက်တော့ ဘေဘီ့အသက်က ၁၅နှစ်သာ ရှိသေးသည်။ စရောက်ကထဲက ကိုကိုဟု ခေါ်ကာ အမြဲ သူ့အနောက်သာ လိုက်နေ၏။ ဒီပြန်လာတော့လဲ သူ့အဖေကို မရမက ပူဆာကာ ကျောင်းပိတ်ရက်မှာ ဒီကိုလိုက်လာလေသည်။

သူ့အပေါ် ခင်တွယ်လွန်းသည့် ကလေးဖြစ်သည့်အပြင် ဦးလေးယွဲ့၏ ကျေးဇူးတွေပါရှိတော့ ဘေဘီ့ကို အမြဲစိတ်ချမ်းသာအောင်ထားပြီး ညီလေးတစ်ယောက်လိုလဲ ချစ်သည်။ ဘယ်သူမှအနားမရှိတော့ပေမယ့် သူ့အနားကပ်တွယ်နေသည့် ဘေဘီကပဲ ညီလေးလိုဖြစ်နေကာ ချစ်နေရ၏။

*ဘယ်သွားမှာလဲ ကိုကို။ Golfရိုက်*

*အင်း ဂေ့ါဖ်ရိုက်သွားမလို့..ဘေဘီက ကိုကို့ဆီ ဘာလာလုပ်တာလဲ*

*အပြင်သွားချင်လို့..အဖော်မရှိလို့*

ရှောင်းကျန့် ရင်ခွင်ထဲက ထွက်ကာ လက်လေးတွေက ရှောင်းကျန့်၏ ကြီးမားသော လက်ကိုကိုင်ကာ အသာလှုပ်ယမ်းနေလေ၏။ နှုတ်ခမ်းလေးကလဲ စူထော်နေသေးသည်။ ရှောင်းကျန့် ရယ်လိုက်ကာ ကွမ့်ကျွင်းဘက် လှည့်ရင်း

*Golfရိုက်ဖို့ ဖျတ်လိုက်တော့ ကွမ့်ကျွင်း။ ငါ ဘေဘီနဲ့ အပြင်သွားမယ်*

*ဟုတ်ကဲ့ပါ ဘော့စ်*

*ကဲ..ကိုကို အဝတ်အစား ပြန်လဲလိုက်အုံးမယ်နော်*

*ဘေဘီပါ လိုက်မယ်*

ဘော့စ်လက်ကို တွဲကာ အပေါ်ထပ်တက်သွားသည့် ဘမ်လေးက အားလုံးအဖို့ ချစ်စရာကောင်းနေပေမယ့် ဘော့စ်အတွတ်ကတော့ ညီလေးတစ်ယောက်ထပ်ပင် ပိုမည်မဟုတ်ဆိုတာ ကွမ့်ကျွင်းသိနေသည်။

For..Where stories live. Discover now