For...

10.9K 735 120
                                    

*ရိပေါ်ရေ ဒီနေ့ကစပြီး ညပိုင်း မင်းနဲ့အတူ အလုပ်တွဲလုပ်မယ့် အသစ်လေး ရပြီဟ*

ဆိုင်က အကိုတစ်ယောက်သည် ရိပေါ် ဝင်လာတာမြင်တာနှင့် အားရဝမ်းသာ ပြောလေသည်။ အမှန်က ရိပေါ်ကိုယ်တိုင်လဲ ပျော်သည်။ ညဆို သူတစ်ယောက်ထဲပဲ ရှိကာ အခြားသူတွေကကျရှေ့ထွက်စရာမှ မလိုပဲ။

ရိပေါ် လွယ်လာသည့် အိတ်ကို သွားတင်ကာ ဝတ်စုံလဲလိုက်ပြီး

*ဟုတ်လား ကော။ ဘယ်သူလဲ*

*ဒီမှာလေ Lameတဲ့*

ပေထင်ကောက ကောင်လေးတစ်ယောက်ကို ရိပေါ်ရှေ့ ခေါ်လာလေသည်။ ပုံစံက ဖြူဖြူနုနုလေး။ ရိပေါ်ထက်လဲ အရပ်နိမ့်သည်။ မျက်နှာလေးက ပြုံးနေကာ ကြည့်လိုက်လျှင်ကို အေးချမ်းနေ၏။

ရိပေါ် အဖော်ကောင်းလေး ရသွား၍ ဝမ်းသာသွားသည်။

*ဝမ်ရိပေါ်ပါ*

*Lameပါ ညီ*

ရိပေါ်လက်ကို ဆွဲကာ နှုတ်ဆက်လိုက်သည့်သူကြောင့် ရိပေါ်မျက်ခုံးပင့်ကာ ပေထင်ကောတို့ကို ကြည့်လိုက်သည်။ ကောတို့က ရယ်လာကာ

*Lameက ၂၉နှစ်ရှိပြီကွ။ မထင်ရဘူးမလား*

*ဝေါင်း..တကယ်မထင်ရတာဗျာ*

ရိပေါ် တကယ်အံ့ဩသွားတာပင်။၂၉နှစ်သာ ပြောသည် ရုပ်လေးက ကလေးရုပ်လေးတောင် မပျောက်သေးပေ။ ရိပေါ်ကို ရယ်ပြကာ ခေါင်းညိမ့်လာသည့် သူက တကယ့်ကို အေးအေးချမ်းချမ်းလေးပင်။ ကြည့်ရတာ စကားတွေဘာတွေလဲ အချင်းပွားရတာ ကြိုက်သည့်ပုံမပေါ်။

*ကဲ..ဒါဆို အလုပ်စလုပ်ကြတော့မလားဟေ*

ပေထင်ကော စလိုက်သည်နှင့် အားလုံး ကိုယ့်အလုပ်ကို အသီးသီး တာဝန်ယူကြလေ၏။ Lameက အဝတ်အစားလဲနေ၍ ရိပေါ် ထိုအနား သွားရပ်ကာ

*အကူအညီလိုရင် ကျွန်တော့်ကို ပြောနော် ကော*

*ကျေးဇူး ရိပေါ်*

ရိပေါ်ကို လှည့်ရယ်ပြကာ အဝတ်အစားကို ခပ်သုတ်သုတ်လဲ ပြီး ဝတ်နေလေသည်။ ရိပေါ်ကတော့ သူ့အဖော်ရ၍ ပျော်နေသည်။

Lameသည် တော်တော်လေးသွက်သည်။ အလုပ်ဆိုလဲ ရိပေါ်ကို သိပ်မခိုင်း။ သူပဲ လုပ်သွားကာ ရိပေါ်ကို နားစေလေသည်။ မတတ်သာမှသာ ကူခိုင်းလေ၏။

For..Where stories live. Discover now