For...

7.4K 628 28
                                    

ဒီနေ့ ကျောင်းပိတ်ရက်မို့ ရှောင်းကျန့် ကော်ဖီဆိုင်ကနေ အချိန်ပိုင်း လူလဲလိုက်ပြီး ညပိုင်းမှ ဝင်ရန် ဆုံးဖြတ်ထားသည်။ ထိုဆိုင်၏ မန်နေဂျာကလဲ ရှောင်းကျန့်ကို သဘောကျပြီး ခင်နေပြီဖြစ်၍ ရှောင်းကျန့်ကို လူလဲပေးလေသည်။

*ဒီည အိမ်ပြန်မှာပေါ့*

*တစ်ခါမှမခေါ်ဖူးတဲ့ ဝမ်လီယိက လှမ်းခေါ်နေတာ။ မသွားလဲ ရပေမယ့် တစ်ခါမှဒီလိုမခေါ်ဖူးတော့ ငါ သွားမှ ဖြစ်မှာ*

နှစ်ယောက်သား တစ်နေကုန် လျှောက်လည်ပြီးသည်နှင့် ရှောင်းကျန့်၏ အလုပ်ကို ရိပေါ်က လိုက်ပို့လေသည်။ နှစ်ယောက်လုံး ကားနဲ့မလာပဲ ခြေလျင်လျှောက်ကာ စကားတွေ အများကြီး ပြောဖြစ်နေကြသည်။

*မိဘနဲ့တည့်အောင်နေလို့ ကိုယ်မပြောချင်ပါဘူး။ ဒါပေမယ့် အဆိုးလေး မိဘတွေနဲ့ အဆင်မပြေရင် ကိုယ့်ဆီလာပြီး ရင်ဖွင့်လို့ရတယ်။ တစ်ခုခုဆုံးဖြတ်မယ်ဆိုတိုင်း ကိုယ် ရှိသေးတယ်ဆိုတဲ့ အသိလေးကို သတိရပေးမလား*

ဘာကြောင့်မှန်းမသိ ရှောင်းကျန့် စိတ်တွေလေးနေမိသည်။ ၁နှစ်လောက်ကြာမှ ရိပေါ် အိမ်ပြန်မည်ကြောင့်လား။ ၁နှစ်လုံးလုံး ရိပေါ်သည် အိမ်ကို တစ်ခါတစ်ရံသာ ပြန်ပြီး ရှောင်းကျန့်နဲ့ အတူနေလေသည်။

အချိန် တစ်နှစ်သည် ခနလေးလိုပင်။ ကျောင်းတွေလဲ ပြီးကာ နှစ်ဦးစလုံး ဘွဲ့ပင် ယူတော့မည်။ ရှောင်းကျန့်နဲ့ ရိပေါ်တွဲနေသည်ကလဲ တစ်ကျောင်းလုံးအသိ။

အရင်က ၁ပတ်၂ပတ်သာ တွဲတတ်သည့် ရိပေါ်သည် ရှောင်းကျန့်နဲ့မှမြဲသွားတော့သည်။

*ငါ့အတွေးထဲမှာ မင်းပဲ ရှိတာလေ ငအူကောင်ရ*

ထိုအခါမှ ရိပေါ်လက်လေးကို ရှောင်းကျန့်ဆွဲယူကာ အသာနမ်းလိုက်သည်။ ဝမ်ရိပေါ်နှင့် နေလာတာ ကြာသည်နှင့် သူ့အကျင့်တွေကို အနည်းငယ် သိလာရသည်။

ရိပေါ်သည် ရှောင်းကျန့်အပေါ်ကို ဆိုးပေမယ့် အဖွားနဲ့ဆို လူလိမ်မာလေး ဖြစ်သည်။ အဖွားကလဲ ရိပေါ်မှ ရိပေါ် ဖြစ်နေလေပြီ။

ရှောင်းကျန့်သည် သူကိုယ်တိုင်သာ အစားဆင်းရဲခံပေမယ့် ရိပေါ်ကို အကောင်းဆုံးတွေသာ ကျွေးသည်။ အလုပ်က ရသမျှပိုက်ဆံကိုလဲ တတ်နိုင်သမျှ စုကာ ရိပေါ်နဲ့အတူနေနိုင်ရန် ကြိုးပမ်းနေပေမယ့် အဖွား၏ ကျန်းမာရေးကြောင့် ပိုက်ဆံက ထင်သလောက်မစုဖြစ်ခဲ့။

For..Where stories live. Discover now