For...

11.4K 819 156
                                    

*ဒီပရောဂျက်ကို ကွမ့်ကျွင်း မင်း တာဝန်ယူလိုက်*

တိတ်ဆိတ်နေသည့် ရှောင်းကျန့်၏ရုံးခန်းအတွင်း တိကျပြတ်သားသည့် ရှောင်းကျန့် အသံက ထွက်လာလေသည်။ ကွမ့်ကျွင်းဘော့စ်ကို ကြည့်လိုက်ကာ

*ဟုတ်ကဲ့ပါ ဘော့စ်*

*မရဘူး*

ဝမ်ရိပေါ်ဆီမှ ထွက်ပေါ်လာသော စကားသံကြောင့် ကွမ့်ကျွင်း လန့်ပင် လန့်သွားသည်။ ဒါ သူဋေးကို ပြောသည့် အတွင်းရေးမှူး၏ လေသံတဲ့။ ကွမ့်ကျွင်း ဘော့စ်ကို ကြည့်လိုက်တော့ မျက်မှောင်ကြီး စုကြုံ့ထားလေသည်။

*ဒီပရောဂျက်က ကျွန်တော်တာဝန်ယူထားတာမလို့ ကျွန်တော်ပဲ လက်စသတ်ပါရစေ ဘော့စ်*

*မရဘူး*

ဒီတစ်ခါက ဘော့စ်၏ အော်သံပင်။ ကွမ့်ကျွင်းကတော့ မူမမှန်သည့် အခြေအနေကြောင့် ဖာသိဖာသာပဲ နေနေသည်။ တော်ကြာ ပဲလှော်ကြား ဆားညှပ်နေမှဖြင့်။

*ကျွန်တော် ဒီပရောဂျက်ကို ဘာ်သူ့ကိုမှ လွှဲမပေးချင်ဘူး ဘော့စ်။ အဲ့တာမို့ ကျွန်တော်ပဲ ဆက်လုပ်ပါရစေ*

*မရဘူးဆို မရဘူးကွာ။ ငါ မင်း ဘော့စ်နော်*

အခြေအနေက ပြင်းထန်လာ၍ ကွမ့်ကျွင်း သူဋေးကိုတစ်လှည့် ဝမ်ရိပေါ်ကို တစ်လှည့်ကြည့်လိုက်သည်။ ဒီလောက်စိတ်တိုနေသည့် သူဋေးကို ဂရုမစိုက်ပဲ လုပ်ချင်တာကိုသာ ပြောနေသည့် ရိပေါ်ကိုလဲ စိတ်ထဲက ချီးကျူးလိုက်၏။

ဘော့စ်ကလဲ စိတ်တိုနေမှန်း သိသာစွာ လည်စေ့က အပေါ်အောက် လှုပ်ရှားနေပြီ အတွင်းရေးမှူးကို ကြည့်နေသည်မှာ ပြာကျမတတ်ပင်။ ထိုအကြည့်တွေကို မမြင်ယောင်ဆောင်နေသည့် အတွင်းရေးမှူးက အာဂသတ္တိပင်။

*ဒါဆို အလုပ်ထွက်ပါရစေ*

*ဘာကွ..!*

ဝုန်းခနဲ စားပွဲကို ထုကာ အော်လာသည့် သူဋေးကြောင့် ကွမ့်ကျွင်း လက်ဖျားတွေ အေးလာသည်။ သူဋေးကိုပင် မကြည့်ရဲတော့ပဲ ခေါင်းသာငုံ့နေမိ၏။ အတွင်းရေးမှူးကတော့ ဘာမှမဖြစ်သလိုပင်။ ကြည့်ရတာ သူဋေးနဲ့ အတွင်းရေးမှူး၏ ဆက်ဆံရေးသည် ကွမ့်ကျွင်း ထင်သလို ဖြစ်နေနိုင်သည်။

For..Where stories live. Discover now