For...

12K 783 107
                                    

တဲလေးထဲမှာ ထိုင်ရင်း ကောင်းကင်ကို မော့ကြည့်နေကာ ရိပေါ် အခုချိန်ထိ ဒီအခြေအနေကို မယုံနိုင်သေး။ ရိပေါ် စိတ်ကူးယဉ်လွန်းနေသည်များလားဆိုပြီး ခနခနတွေးဖြစ်သည်။ ဒါပေမယ့် ဘေးကနေ ရိပေါ်လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သူကြောင့် ရိပေါ် စိတ်ကူးယဉ်နေတာ မဟုတ်မှန်း သိလိုက်သည်။

*အရမ်းပင်ပန်းနေခဲ့မှာပေါ့ အဆိုးလေး*

ရိပေါ်၏ မျက်နှာလေးကို အသာဖွဖွကိုင်ကာ ရှောင်းကျန့်ဆိုလိုက်သည်။ ရိပေါ်ကို ဘာမှနားမလည်ပဲ ရိပေါ်ကို အရမ်းချစ်ပါသည်ဟု ကြွေးကြော်ခဲ့သည့် သူ့ကိုယ်သူတောင် ရှက်မိသည်အထိ။ ဝမ်ရိပေါ်လောက်တောင် သူက မချစ်နိုင်ပဲနဲ့လေ။

*ငါက ဘာလို့ပင်ပန်းရမှာလဲ။ မင်း မျက်နှာက ငါ့ပင်ပန်းမှုတွေကို ပျောက်စေတယ်ဆိုတာ မင်း မသိတာလား*

သိတာပေါ့။ ရှောင်းကျန့် စိတ်ထဲကသာ ဆိုလိုက်မိသည်။ ဒီကောင်လေး ရှောင်းကျန့်အပေါ် ဘယ်လောက်ချစ်လဲဆိုတာ တွေးကြည့်လို့ပင်မရ။ အရာအားလုံး.. သူ့ဘဝသူတောင်မှ ရှောင်းကျန့်အတွတ်ဆိုပြီး စတေးခဲ့သည့် ကောင်လေးပဲလေ။

*ကိုယ် မင်းကို သိပ်ချစ်တာပဲ အဆိုးလေးရယ်။ ဘယ်တော့မှလဲ မင်းကို ချစ်ဝတော့မယ် မထင်ဘူး*

ရိပေါ်ကို သိုင်းဖက်ကာ ရှောင်းကျန့် ခပ်တိုးတိုးညည်းဖြစ်သည်။ လုပ်ငန်းကိစ္စနဲ့ နိုင်ငံခြား သွားရတာကိုပင် ရှောင်းကျန့် ကျေးဇူးတင်မိ၏။ ထိုတွင် ရိပေါ်၏ သူငယ်ချင်းတွေနှင့် တွေ့ခဲ့ကာ ရှောင်းကျန့် ရိပေါ်၏အကြောင်းတွေကို အကြောင်းစုံ သိခဲ့ရသည်။

ရှောင်းကျန့် အစက သူတို့ဘာပြောပြော ရှောင်းကျန့် နားမထောင်ဘူး လုပ်ခဲ့ပေမယ့် ဝမ်ရိပေါ် လမ်းခွဲရတာ ခင်ဗျား ဘဝပျက်မှာစိုးလို့ဆိုသည့် စကားမှာ ရှောင်းကျန့် ခြေလှမ်းတွေတန့်ခဲ့ရတာ။

ရိပေါ် သူငယ်ချင်းတွေ ပြောပြခဲ့သည်က ရိပေါ် သူ့ကို လမ်းခွဲခဲ့ရတဲ့ အကြောင်းအရင်းကအစပေါ့။ ချက်ချင်းပြန်ပြေးလာချင်ပေမယ့် ကုမ္ပဏီကိစ္စတွေ၊ ခရီးသွားဖို့ ကိစ္စတွေနှင့်ပင် ရိပေါ်ကို စပရိုက်မလုပ်နိုင်သေး။ ဒါ့ကြောင့် ဝန်ထမ်းတွေရှေ့မှာပင် ရှောင်းကျန့် ဒူးထောက်ကာ ရိပေါ်ဆီက အဖြေကို နောက်တစ်ခါ ထပ်တောင်းမိခြင်းပင်။

For..Where stories live. Discover now