For...

10.4K 776 26
                                    

*ရိပေါ်..ဟိုမှာ*

ကျောင်းရောက်ရောက်ချင်း မြင်လိုက်ရသည့် မြင်ကွင်းက ရိပေါ်ကို ဒေါသထွက်စေသည်။ ရိပေါ် လိုက်မည်ဟု ကြံနေသည့် ကောင်မလေးအနား ရောက်နေသည်က ရှောင်းကျန့် ဆိုသည့်ကောင်။

ရိပေါ် မေရီကို စိတ်ဝင်စားသည်။ သူမက အခြား ဘယ်သူနဲ့မှ မတူ။ ရိပေါ်ကို ရှိတယ်လို့တောင် သဘောထားသည့် ကောင်မလေးမဟုတ်။ စာတော်သည်။ ချစ်စရာကောင်းသည်။

အခုကျရှေ့က ကောင်နဲ့ ရယ်မောနေသည်မှာ မျက်လုံးလေးတွေ ပိတ်ကျသည်အထိ။ ရိပေါ် တောက်တစ်ချက်ခေါက်ကာ ထိုမြင်ကွင်းကို ကားဘော်ဒီအား မှီရပ်ရင်း ကြည့်နေ၏။

*အတန်းသွားရအောင်လေ ရှောင်းကျန့်ကော*

*သွားနှင့်လိုက်နော်။ ကိုယ် toiletခန သွားလိုက်အုံးမယ်*

*Okok..ဒါဆို မေရီသွားပြီနော်*

ရှောင်းကျန့်ကို နှုတ်ဆက်ကာ မေရီ ထွက်သွားသည်နှင့် ရှောင်းကျန့်လဲ စာအုပ်တွေကို သိမ်းကာ toiletဆီသို့ ထွက်လာရသည်။

ရွာဘက်က တက်လာပြီး မြို့က အဖွားနှင့် အတူနေရသည်မို့ ရှောင်းကျန့်က အစစအရာရာ စစ်စီပြီး နေထိုင်ရသည်။ ဒီကျောင်းကိုတောင် စာတော်လွန်း၍ ထောက်ပံ့ကြေးနှင့် နောက်ဆုံးနှစ်မှာ ဝင်ခွင့်ရခဲ့သည်။

လူ့ဘောကြော့ သားသမီးတွေသာ ရှိသောကျောင်းဖြစ်နေ၍ ရှောင်းကျန့် မတက်ချင်ပေမယ့် ဒီကျောင်းက ထွက်သည်နှင့် အလုပ်တွေက တန်းစီးကာ ပြည်ပထိ သွားလို့ရသည်။

ရှောင်းကျန့် toiletဝင်ပြီးသည်နှင့် လက်ဆေးနေတုန်း မှန်ထဲတွင် ပေါ်လာသည့် ပုံရိပ်ကြောင့် မျက်ခုံး အနည်းငယ် ပင့်သွားမိ၏။ ဝမ်ရိပေါ်..။

ရှောင်းကျန့်နဲ့ ပြဿနာ ဖြစ်ဖူးသည့် ကောင်လေး။ ရှောင်းကျန့် ခနနေ အတန်းတက်ရတော့မှာဖြစ်၍ ဂရုစိုက်ချိန်မပေးနိုင်ပဲ လက်ကို မြန်မြန်ဆေးကာ တစ်သျှူးနှင့် သုတ်ပြီး ထွက်သွားမည်အပြု ရှောင်းကျန့်ရှေ့တွင် ပိတ်ရပ်လာသည့် ခန္ဓာကိုယ် သေးသေးလေး။

*ငါ အတန်းတက်ရအုံးမှာ ဝမ်ရိပေါ်။ မင်းနဲ့ ပြဿနာဖြစ်ဖို့ အချိန်မရှိသေးဘူး*

For..Where stories live. Discover now