*ချောင်ချွမ့်ဟွေး..မင်း ငါ့ကို ဘယ်ခေါ်လာတာလဲ*
Lame၏ အော်သံစူးစူးလေးသည် နှစ်ထပ်တိုက်ကြီးရှေ့အရောက် ထွက်ပေါ်လာခဲ့သည်။ lameလက်ကိုဆွဲကာ အိမ်ထဲ တရကြမ်းဝင်သွားသူကြောင့် အနောက်ကနေ ရုန်းရင်း ပါလာခဲ့ရ၏။ ချွမ့်ဟွေးသည် သူ့ထက်ငယ်ပေမယ့် သူ ချွမ့်ဟွေးလက်ထဲက ရုန်းမထွက်နိုင်။ မကောင်းဆိုးဝါးလေးက တကယ့်ကို အားသန်လွန်း၏။
*ချောင်ချွမ့်ဟွေး..!*
ဆိုဖာပေါ် ပစ်တင်ခံလိုက်ရသည်နှင့်အတူ သူ့ခန္ဓာကိုယ်လေးသည် တန်းကနဲ ပြန်မထနိုင်။ ခေါင်းပင် မူးနောက်သွားကာ ဆိုဖာကို ခပ်တင်းတင်း ဆုပ်ကိုင်ထားရ၏။
*ခင်ဗျားနဲ့ ဟိုကောင်က ဘာတွေလဲ*
*ဘယ်ကောင်လဲ မင်းဘာတွေပြောနေတာလဲ*
Lame အိမ်ကြီးကိုကြည့်ကာ လန့်လာသည်။ ဒီအိမ်ကြီးတွင် လူရှိပုံမရ။ တိတ်ဆိတ်နေကာ တစ်ခုခုဖြစ်လျှင်လဲ အော်ဟစ်အကူအညီတောင်းလို့ရမည်မဟုတ်။ ချွမ့်ဟွေး၏ မျက်နှာသည်လဲ ဒေါသကြောင့် ကြောက်မက်ဖွယ်။ ဒီအေခြအနေသည် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာ သူ စကားလုံးဖြင့်ပင် ဖော်ပြလို့မရချေ။
သွေးအေးလူသတ်သမားနှင့် နှစ်ယောက်ထဲ ရှိနေရသည့် အခြေအနေမျိုး ဖြစ်နေ၏။
*ခင်ဗျားဘေးက ဘဲ။ အဲ့ဘဲက ဘာလို့ ခင်ဗျားနား ကပ်နေရတာလဲ ပြောစမ်း*
*ငါနဲ့ အလုပ်အတူတူ လုပ်တာ ငါ့အနားမနေလို့ သူက ဘယ်နားနေရမှာလဲ ချွမ့်ဟွေး။ မင်း ငါ့ကို ပြဿနာမရှာပါနဲ့။ ငါ သွားပါရစေ*
သူ ချော့မော့ကာ ဆိုကြည့်သည်။ သို့ပေမယ့် သူ့ဘေးနား ဝုန်းခနဲဝင်ထိုင်ကာ လည်ပင်းအား သိုင်းဖက်လိုက်သည့် ချွမ့်ဟွေးကြောင့် လက်ဖျားတွေ အေးစက်လာရသည်။ ချွမ့်ဟွေး သူ့ကို သတ်မှာတော့ မဟုတ်လောက်ဘူး ထင်ရ၏။
ကောနှင့်က အလုပ်စပ်တူလုပ်ဖို့ ပြောထားသည်မို့ အလုပ်ကိစ္စဆွေးနွေးရ၏။ ဒါကို ချောင်ချွမ့်ဟွေးက သူနဲ့ ဘာဆိုင်လို့ ပြဿနာရှာနေရတာလဲ မသိတော့။
*အဲ့ဘဲနဲ့ ဝေးဝေးနေ*
သူ့ နှုတ်ခမ်းဖျားရဲရဲလေးတွေကို လက်မဖြင့် ဆွဲပွတ်ကာ ပြောလာသည့် ချွမ့်ဟွေးကြောင့် ကြောက်လာရ၏။ ဒီအခြေအနေသည် ဘယ်ကို ရောက်နိုင်လဲ သူသိသည်။ သူ ချွမ့်ဟွေးနှင့် နောက်တစ်ခါ အတူတူမနေနိုင်။ ချောင်ချွမ့်ဟွေး၏ အသားကိုပင် မထိချင်တော့ပေမယ့် အခုလို ရုန်းထွက်လိုက်လျှင် အခြေအနေတစ်မျိုး ဖြစ်သွားနိုင်၏။