For....

8.4K 713 39
                                    

*ဒီနေ့ ရာထူးအပြောင်းအရွှေ့တွေ ရှိမှာနော်။ ပြီးတော့ ညကျရင် ဘော့စ်က အားလုံးကို ညစာလိုက်ကျွေးမယ်တဲ့။ ညစာဆိုတာထက် အပီဟဲ အပီကဲလို့ ရတဲ့နေရာမှာပေါ့*

*ဟေး..*

အခြား ဝန်ထမ်းတွေကတော့ တဟေးဟေးနှင့် ပျော်နေပေမယ့် ထိုအထဲတွင်တော့ ရိပေါ် မပါဝင်ပေ။ ရိပေါ် ညကျရင် အချိန်ပိုင်း ရှိသေးသည်။ အချိန်ပိုင်းကို ရုံးဆင်းချိန်နှင့် တွဲယူထား၍ ညပိုင်းဆို ရိပေါ် မအား။

ရိပေါ် တို့ စီးပွားရေး ပျက်စီးသွားပေမယ့် ဆင်ပိန်တော့ ကျွဲလောက်တော့ ရှိပါသေးသည်။ သို့ပေမယ့် ထိုပိုက်ဆံတွေကို ရိပေါ် စုထား၏။ အချိန်ပိုင်းက ရတဲ့လစာနဲ့တင် ထမင်းစားသည်။

ဒီအလုပ်က ရတာကို စုပြီး ဝမ်အိမ်တော်ကို ပြန်ရယူချင်သည်။ မားမဆုံးခင်က ပြောခဲ့တဲ့ စကားလေးက နားထဲက မထွက်၍။

*ဒီအိမ်ကြီးက မားနဲ့ဝမ်လီယိနှစ်ယောက် ကြိုးကြိုးစားစား စုပြီး ဆောက်ခဲ့တဲ့ အိမ်ကြီး*တဲ့။ ရိပေါ် မားရဲ့ချွေးနည်းစာလေးနဲ့ ရလာတဲ့ အိမ်ကြီးကိုတော့ ပြန်လိုချင်သည်။

အဲ့အိမ်ကြီး ပြန်ရရင်တော့ ရိပေါ်အေးအေးဆေးဆေးပဲ နေတော့မည်ဟု ဆုံးဖြတ်ထားသည်။

*ဝမ်လေး..*

*ဗျ..ဗျာ..ကျဲ*

ရှန်းရှန်းကျဲက လက်မောင်းကို ကိုင်ပြီးခေါ်မှပင် ရိပေါ် အတွေးထဲက ထွက်လာနိုင်ခဲ့၏။

*ညကျရင် လိုက်မှာမလားလို့ မေးနေတာလေ။ အရင်ကလဲ တစ်ခါမှ မလိုက်ဘူး။ ဒီတစ်ခါတော့ လိုက်ရမယ်နော်*

ရိပေါ် ရယ်ရင်း ခေါင်းအသာခါကာ

*မလိုက်တော့ဘူး ကျဲရဲ့။ ညကျရင် အချိန်ပိုင်း ရှိသေးတယ်။ ကျွန်တော် မအားလို့ပါ*

*ရိပေါ်က လုပ်ပြီနော်။ တစ်ယောက်ထဲလေး ရှိတာကို ဘာတွေ ဒီလောက် ကုပ်ခြစ်ပြီး စုနေမှန်း မသိဘူး*

ကျဲက စိတ်ဆိုးသွားကာ အလုပ်ပြန်လုပ်နေသည်။ ရိပေါ် ဘဝက အခြားသူတွေလို မဟုတ်၍ ပို၍ ကြိုးစားရမည်ဆိုတာကို မပြောပြဖြစ်တော့။

For..Where stories live. Discover now